Masquerade FHD

Masquerade

Drama History FHD 2012-09-13 7.701 131 Min

နန်းတွင်းပုန်ကန်မှု အန္တရာယ်ကို စိုးရိမ်နေရတဲ့ ဂွမ်ဟယ်ဘုရင် (Lee Byung-Hun) ဟာ သူ့နေရာမှာ အစားထိုးနေခိုင်းဖို့အတွက် သူနဲ့ ရုပ်ချင်းဆင်တူသူ တစ်ဦးကို ရှာပေးဖို့ အတွင်းဝန်ချုပ် ဟောဂယွန်း (Ryu Seung-Ryong) ကို အမိန့်ပေးခဲ့ပါတယ်။ အဲဒီလိုနဲ့ ဟောဂယွန်း တွေ့ရှိသွားတာကတော့ ဘုရင်နဲ့ ရုပ်ချင်း တစ်ထေရာတည်း တူရုံတင်မက မွေးရာပါ ပါရမီကြောင့် ဘုရင့်အသံ၊ အမူအရာအတိုင်း တုပပြောဆိုနိုင်တဲ့ လူပြက်လေး ဟာဆွန်း (Lee Byung-Hun) ပါပဲ။ အစပိုင်းမှာတော့ ဘုရင် နန်းပြင်ထွက်သွားတဲ့ တစ်ညတာအတွင်း ဟာဆွန်းကို အစားထိုးနေခိုင်းရုံသာဆိုပေမဲ့ ဘုရင်က အဆိပ်မိပြီး သတိလစ်မေ့မြောသွားတာကြောင့် ဟာဆွန်းတစ်ယောက် ဘုရင်အတုအဖြစ် ရေရှည် ဟန်ဆောင်နေဖို့ ဖြစ်လာတဲ့အခါမှာတော့...မျက်စိဒေါက်ထောက်ကြည့်နေတဲ့ အမတ်ကြီးတွေကြားမှာ သာမန်လူပြက်လေး ဟာဆွန်းတစ်ယောက် ဘုရင်အတုအဖြစ် ဘယ်လို ရှင်သန်မလဲဆိုတာကို Lee Byung-Hun ရဲ့ ထူးချွန်ပြောင်မြောက်လှတဲ့ နှစ်ကိုယ်ခွဲသရုပ်ဆောင်ချက်တွေနဲ့အတူ ပြန်လည်ရှုစားလိုက်ကြပါဦး။