အချစ်ဆိုတာ အသက်အရွယ်မရွေး Gender မရွေးမှာ ဖြစ်ပေါ်လာတတ်ပေမယ့် ပတ်ဝန်းကျင်ရဲ့ တိုက်ခိုက်မှုဒဏ်ကိုခံရပြီး မဖြစ်သင့်တဲ့ ဒဏ်ခတ်အချစ်ဆိုတာမျိုး ရှိပါတယ်...ချစ်နေကြပေမယ့်လည်း မဖြစ်သင့်တဲ့အတွက် မချစ်ခဲ့သလိုနေခဲ့လိုက်ရမယ့် အချစ်ဇာတ်လမ်းလေးကို ဒီကားလေးမှာ ပုံဖော်ထားပုံကတော့ .. ပထမနှစ်အထက်တန်ကျောင်းသူလေး ဆွန်းဟွာ(Roh Jeong-eui)ဟာ သူမရဲ့ကျောင်းက နောက်ဆုံးနှစ် စီနီယာကျောင်းသူ ဆူယွန်း(Jo Soo-hyang)နဲ့ အမှတ်မထင်တွေ့ဆုံခဲ့ရာကဆူယွန်းရဲ့မျက်စိကျသွားမှုကြောင့် ရိုမီယို ဂျူးလိယက် ပြဇာတ်အတွက် ဂျူးလိယက်နေရာကို အရွေးခံခဲ့ရပါတယ်။ ရိုမီယိုနေရာမှာ သရုပ်ဆောင်မယ့် စီနီယာကျောင်းသူ ဟာနမ်(Kwon Nara)ကတော့ ဂျူနီယာတိုင်းရဲ့ အသည်းစွဲစံပြ ကျောင်းသူတစ်ယောက်ဖြစ်တာမို့လို့ တွဲသရုပ်ဆောင်ခွင့်ရခဲ့တဲ့ ဆွန်းဟွာကိုလူတိုင်းက အားကျနေခဲ့ရတဲ့အဖြစ်ပေါ့ .. ဒီလိုနဲ့ ပြဇာတ်အတွက် လေ့ကျင့်ကြရင်း ရင်းနှီးသွားပြီး ဆွန်းဟွာက စီနီယာဟာနမ်အပေါ် ခံစားချက်တွေ ရှိလာတဲ့အခါမှာတော့ ..။