Peripheral HD

Peripheral

Horror Science Fiction HD 2025-03-15 8.3 88 Min

Body Snatchers 1993 နဲ့  Vivarium 2019 တို့ကိုပေါင်းစပ်ထားတဲ့ ပုံစံမျိုးဖြစ်ပြီး ဇာတ်လမ်းရော တင်ဆက်ပုံပါ ကောင်းတဲ့အတွက် အဲ့ဒီလိုဇာတ်ကားမျိုးတွေ၊ Sci-fi horror ကြိုက်တတ်ရင်စိတ်ဝင်စားစရာ ရှုစားရမယ့် ဇာတ်ကားမျိုးဖြစ်ပါတယ်။ဆာရှာဟာ ကလေးပျက်ကျဖူးတဲ့စိတ်ဒဏ်ရာအခံရှိပြီး ကိုယ့်ကိုယ်ကိုပြန်တည်ဆောက်နေဆဲကာလမှာ ပတ်ဝန်းကျင်အသစ်တစ်ခုကိုခင်ပွန်းနဲ့အတူရွှေ့ပြောင်းလာရတာပါ။ သူတို့နေထိုင်တဲ့ အိမ်ကို ခင်ပွန်းရဲ့ကုမ္ပဏီကပိုင်ဆိုင်ပြီး အရာရာလိုလေသေးမရှိထင်ရအောင်ဖြည့်ဆည်းထားပေမယ့် တစ်ခြားသူတွေနဲ့ ဆက်ဆံခွင့်မရှိတာ၊ကိုယ်တိုင်စျေးဝယ်ထွက်ခွင့်မရှိတာလိုမျိုးအဓိပ္ပါယ်မရှိတဲ့ စည်းကမ်းချက်တွေနဲ့တားမြစ်ထားပါတယ်။ဒါတွေတင်မက အိမ်နီးချင်းတွေရဲ့ထူးဆန်းတဲ့အပြုအမူတွေ၊ ခပ်စိပ်စိပ်မက်လာတဲ့ အိမ်မက်ဆိုးတွေနဲ့အတူ မူမမှန်တာတွေကို သူသတိထားမိလာခဲ့ပါတယ်။ အဲ့ဒီလိုအချိန်မှာမှ သူ့ခင်ပွန်းသည်ကပါ အဆက်အသွယ်မရပဲ ပျောက်ချင်းမလှပျောက်ဆုံးသွားချိန်မှာတော့..။