Revenge of the Pontianak HD

Revenge of the Pontianak

Horror Romance HD 2019-08-29 5.2 93 Min

ပွန်တီယာနတ်ဆိုတာ မလေး၊အင်ဒို၊ စင်္ကာပူအစရှိတဲ့နိုင်ငံတွေရဲ့ဒဏ္ဍာရီတွေမှာ အကြောက်ရဆုံးနဲ့ အကျော်ကြားဆုံး အမျိုးသမီးတစ္ဆေတစ်ကောင်ဖြစ်ပါတယ်။ ဒဏ္ဍာရီတွေအရ ကိုယ်ဝန်ဆောင်နေစဉ်အတွင်း၊ဒါမှမဟုတ် ကလေးမွေးဖွားစဉ် နာကျည်းချက်နဲ့သေဆုံးခဲ့ရတဲ့ အမျိုးသမီးတွေဟာပွန်တီယာနတ်ဖြစ်လာပြီးကလဲ့စားချေဖို့ပြန်လာတတ်တယ်လို့ယုံကြည်ကြပါတယ်။ဒီဇာတ်လမ်းမှာတော့ ၁၉၆၅ မလေးရှားနိုင်ငံက ရွာလေးတစ်ရွာမှာ ခါလစ်နဲ့စီတီတို့ မင်္ဂလာပွဲကျင်းပနေချိန်မှာထူးဆန်းတဲ့သေဆုံးမှုတွေနဲ့ ကျိန်စာသင့်မှုတွေစပြီးဖြစ်ပွားလာတာကိုတွေ့မြင်ရမှာပါ။အကြောင်းရင်းမသိကြတဲ့ရွာသားတွေက တစ်နယ်သူဖြစ်တဲ့ ခါလစ်ရဲ့ဇနီးကို ကျိန်စာသယ်ဆောင်လာသူအဖြစ် စွပ်စွဲကြပေမယ့် တကယ့်တမ်းတရားခံက ဘယ်သူဖြစ်နေမလဲ၊ဒီတစ္ဆေမရဲ့နောက်ကြောင်းက ဘယ်လိုဖြစ်မလဲ? ဘယ်လိုနာကျည်းချက်တွေကြောင့်ဒီရွာကို လာခြောက်လှန့်နေရသလဲဆိုတာတွေကိုပဟေဠိအပြည့်နဲ့ရှုစားရမှာဖြစ်ပါတယ်။ဟော်ရာဇာတ်ကား ဆိုပေမယ့် ဇာတ်လမ်းဇာတ်အိမ်ကိုပိုအသားပေးထားပြီး ၁၉၆၀ မလေး ရွာလေးတစ်ရွာကိုအမိုက်စား Cinematographyနဲ့အဲ့ဒီခေတ်အငွေ့အသက်ရအောင်ပုံဖော်ထားနိုင်တာကိုတွေ့မြင်ရပါလိမ့်မယ်။