ဂျက်ဆီ ဆိုတဲ့ကောင်မလေးဟာ ကွန်ပျူတာပညာရှင်အဖြစ်အလုပ်လုပ်သူဖြစ်ပြီး လတ်တလောမှာထူးဆန်းတဲ့အဖြစ်အပျက်တွေကြုံနေရသူဖြစ်ပါတယ်။ အဲ့ဒါကတော့အဖြူရောင်အလောင်းပတ်ပိတ်စနဲ့ပတ်ထားတဲ့ Pocong သရဲတစ်ကောင်ကိုမကြာခဏတွေ့နေရတာပါ။တစ်နေ့တော့ သူ ကွန်ပျူတာပြင်ဖို့သွားတဲ့အိမ်ကကယ်ဗင်ဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့ရင်းနှီးကျွမ်းဝင်လာခဲ့ပါတယ်။ ကယ်ဗင်က ဖော်ရွေပေမယ့် သူတို့အိမ်မှာရှိတဲ့ ကယ်ဗင့်အဒေါ်ဟာသူ့ကိုအသားလွတ်မျက်မုန်းကျိုးနေပါတယ်။အဲ့ဒါအပြင် Pocong သရဲရဲ့ခြောက်လှန့်မှုတွေကလည်း လျော့ပါးမသွားပဲ ပိုမိုဆိုးရွားလာပြီး သူ့ရည်းစားဟောင်းဖြစ်သူ နီနိုကပါသူ့နောက်ကိုတစ်ကောက်ကောက်လိုက်ပြီးပြင်းပြင်းထန်ထန်နှောင့်ယှက်လာပါတော့တယ်။ တကယ်တမ်းတော့အဲ့ဒီအဖြစ်အပျက်တွေအားလုံးဟာ ဆက်စပ်နေပြီး Pocong သရဲရဲ့စေစားချက်တွေဆိုတာ သူတို့သိလာရချိန်မှာတော့..။Pocong ဇာတ်ကားတွဲတွေနဲ့နာမည်ကြီးတဲ့ Rudy Soedjarwo ရဲ့လက်ရာဖြစ်ပြီး သူ့အရှိန်အဝါ၊နာမည်ကျော်လူငယ်ကြယ်ပွင့်တွေခေါင်းဆောင်ပါဝင်ထားတဲ့အချက်တွေကြောင့်ဝင်ငွေပိုင်းမှာအတော်လေးအောင်မြင်ခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး ပရိသတ်တွေလည်းအကြိုက်တွေ့ခဲ့ကြပါတယ်။