ဒီတစ်ခါမှာတော့ John Wick ကို ကြိုက်နှစ်သက်တဲ့ပရိသတ်ကြီးများအတွက် John Wick Franchise Team ကနေ သူတို့ရဲ့ franchise ကြီးတစ်ခုလုံး ဘယ်လိုစတင်ဖြစ်ပေါ်လာလဲဆိုတာကိုအသေးစိတ်ရိုက်ပြထားတဲ့ documentary movie ထုတ်လုပ်လာပါတယ်။ John Wick 1 ကနေ 4 အထိ franchise ကြီးတစ်ခုလုံးဟာ နာမည်ကြီးမင်းသားမင်းသမီးတွေရဲ့ ဇာတ်ဝင်ခန်းတွေ မတူညီအောင် အမြဲပြောင်းလဲပါဝင်နေပေမယ့် နောက်ကွယ်က productionteam အဖွဲ့ကတော့ အချိန်တစ်လျှောက်လုံးနီးပါး ဘယ်လိုစုပေါင်းပြီး ရုန်းကန်ခဲ့ရလဲဆိုတာကို ရိုက်ပြထားတာဖြစ်ပါတယ်။ ဒါ့အပြင် ဒီ franchise ရဲ့ မင်းသားဖြစ်တဲ့ မင်းသားကြီး Keanu Reeves ကိုယ်တိုင်ကလည်း The matrix ရိုက်အပြီးမှာ B-rated ရုပ်ရှင်တွေရဲ့ အက်ရှင်မင်းသားတစ်ယောက်ဖြစ်ခဲ့ပေမယ့် ဒီfranchise ကြီးရဲ့ နောက်ပိုင်း ရုပ်ရှင်တွေဖြစ်တဲ့ John Wick 3 နဲ့ 4 မှာပါ ဇာတ်ညွှန်းတွေ ဇာတ်အိမ်တွေမှာ ဘယ်လိုပူးတွဲဦးဆောင်ခဲ့လဲ ?ဒါ့အပြင် John Wick 1 တုန်းက ခေတ်နဲ့မညီအောင် စတန့်တွေအရမ်းများနေပြီး ဇာတ်အိမ်က တချို့နေရာ ပေါ့နေတဲ့အတွက် ဘယ်လိုအခက်အခဲမျိုးတွေ ရင်ဆိုင်ရလဲဆိုတာအပြင်နောက်ကွယ်က ဒရာမာတချို့ကိုပါ အားမနာတမ်းထည့်သွင်းရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီ Franchise တစ်လျှောက်လုံး ကိုယ်တွယ်လာတဲ့ director နဲ့ သူ့ရဲ့ production team ကနေပဲ ဒါကို ပြန်လည်ရိုက်ကူးထားတဲ့ဖြစ်တဲ့အတွက် ဒီ documentaryဟာသမာရိုးကျတွေလိုမဟုတ်ဘဲ ဇာတ်ရည်လည်ပြီး John Wick ဇာတ်လမ်းတွေလောက်ကိုပဲ documentary က ကြည့်ကောင်းနေတာမလို့ ပရိသတ်ကြီးများအတွက် အခုလိုမျိုးညွှန်းပေးလိုက်ချင်ပါတယ်။