အက်ရှ်လင်း ဆိုတဲ့ မိဘမဲ့ကောင်မလေးတစ်ယောက်ဟာ အဘိုးအဘွားတွေရဲ့ ခြံထဲမှာ အေးအေးချမ်းချမ်း နေထိုင်နေရင်း တစ်နေ့မှာတော့ နေကြတ်တဲ့အချိန် ကောင်းကင်ကနေ ကြွေကျလာတဲ့ကြယ်ကလေးတစ်ပွင့်ကို မထင်မှတ်ဘဲ တွေ့သွားခဲ့ပါတယ်။ အဲဒီကြယ်ကလေးက သာမန်မဟုတ်ဘဲ အသက်ဝင်နေတဲ့ အလင်းရောင်လေးဖြစ်နေပြီး ရာဖေးလ် လို့ခေါ်တဲ့ထူးဆန်းတဲ့လူတစ်ယောက်က အက်ရှ်လင်းကို အဲဒီကြယ်ကလေးရဲ့ အစောင့်အရှောက်အဖြစ် တာဝန်ပေးလိုက်ပါတယ်။ အဲဒီနောက်မှာတော့ ကြယ်ကလေးရဲ့ စွမ်းအားကို လိုချင်နေတဲ့အန္တရာယ်ရှိတဲ့ လူဆိုးတွေက သူတို့ကို လိုက်လံရှာဖွေပါတော့တယ်။ သူတို့တွေ လူဆိုးတွေလက်ကနေ ဘယ်လို ထွက်ပြေးကြမလဲ၊ ဂျော့ရှဝါ ဆိုတဲ့ ကောင်လေးကရော သူတို့ကို ဘယ်လိုကယ်တင်ပေးမလဲ ဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ဆက်ကြည့်ရမယ့် ဇာတ်ကားကောင်းလေးပါ။ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာ အချက်ကတော့ ဒီကားကို ၂၀၁၀ ခုနှစ်လောက်ကတည်းက စတင်ကြေညာခဲ့တာဖြစ်ပေမယ့် သရုပ်ဆောင်တွေ အကြိမ်ကြိမ် ပြောင်းလဲပြီးမှ အခု၂၀၂၆ ကျမှ ထွက်လာခဲ့တာပါ။ ဒါ့အပြင် ၁၉၈၀ ပြည့်လွန်နှစ်တွေက စိတ်ကူးယဉ် ဟော်လီဝုဒ်ကားတွေရဲ့ အရသာမျိုးကို ခံစားရစေဖို့ ရည်ရွယ်ပြီး ဖန်တီးထားတာလို့လည်း သိရပါတယ်။ဝါရင့်မင်းသားကြီး John Rhys-Davies အတွက်လည်း မှော်ဆန်တဲ့ စိတ်ကူးယဉ် ဇာတ်ကားတွေဆီကို ပြန်လည်ရောက်ရှိလာတဲ့ ကားတစ်ကား ဖြစ်ပါတယ်။ဒီကားက မှော်ဆန်ဆန် စိတ်ကူးယဉ် ကမ္ဘာကြီးထဲက အက်ရှင်နဲ့ စွန့်စားခန်းတွေကို သဘောကျတဲ့သူတွေ၊ မိသားစုနဲ့အတူတူ ပေါ့ပေါ့ပါးပါး ကြည့်ချင်တဲ့သူတွေ အကြိုက်တွေ့မှာ သေချာပါတယ်။ဇာတ်လမ်းက ရိုးရှင်းပေမယ့် အမြင်အာရုံကို ဖမ်းစားနိုင်တဲ့ ပြကွက်တွေ၊ ခေတ်ပေါ် အက်ရှင်တွေနဲ့ ရှေးဟောင်း ဓားရေးယှဉ်ပြိုင်တဲ့ အခန်းတွေပါ ရောနှောထားလို့ စိတ်ကူးယဉ်ဇာတ်ကားတွေကို ရူးသွပ်တဲ့ ပရိသတ်မျိုးနဲ့ အကိုက်ညီဆုံး ဖြစ်မှာပါ။