Cannonball Run ပထမကားရဲ့ အကြီးအကျယ် အောင်မြင်မှုအပြီးမှာ မင်းသားကြီး Burt Reynolds နဲ့ အဖွဲ့သားတွေ ပြန်လည်စုစည်းပြီး ရိုက်ကူးထားတဲ့ နောက်ဆက်တွဲ Action Comedyကားဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ပြိုင်ပွဲဝင်တွေက ပိုများပြီး အလွဲအချော်တွေပိုများလာသလို Jackie Chan က ဒီကားမှာလည်း ပြန်ပါလာပါတယ်။ဇာတ်လမ်းကတော့ ရှေ့ကပြိုင်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ရှိတ်ခ်အာရပ်သူဌေးသား Sheik Falafel (Jamie Farr) က သူ့အဖေရဲ့ အမိန့်အရ ဂုဏ်သိက္ခာပြန်ဆယ်ဖို့အတွက် နောက်ထပ် "Cannonball Run"ပြိုင်ပွဲတစ်ခုကို ဒေါ်လာ ၁ သန်းဆုကြေးနဲ့ ထပ်မံကျင်းပတာကနေ စတင်ပါတယ်။အဓိကဇာတ်ဆောင် JJ McClure (Burt Reynolds) နဲ့ သူ့ရဲ့ လက်တွဲဖော် Victor (Dom DeLuise) တို့ဟာ ဒီတစ်ခါမှာတော့ လူနာတင်ကား မဟုတ်တော့ဘဲ "စစ်တပ်က အရာရှိ"အယောင်ဆောင်ပြီး တော်ဝင်ကားကြီးတစ်စီးနဲ့ ပြိုင်ပွဲဝင်ကြပါတယ်။ လမ်းခရီးမှာ မာဖီးယားဂိုဏ်းသားတွေရဲ့ နှောင့်ယှက်မှုတွေ၊ အမျိုးသမီးပြိုင်ပွဲဝင်တွေနဲ့အတူ မျောက်ဝံတစ်ကောင်ပါ ကားမောင်းပြိုင်တဲ့အထိ ထူးထူးဆန်းဆန်း အလွဲတွေကို မြင်တွေ့ရဦးမှာဖြစ်ပါတယ်။