Dracula: Rise of the Vampire HD

Dracula: Rise of the Vampire

Action Comedy Horror HD 2025-08-21 8.3 108 Min

ဂေဘရီရယ်ဆိုတဲ့ အမျိုးသားဟာ တစ်ချိန်တုန်းက ဒရေဂူလာ သွေးစုတ်ဖုတ်ကောင်တွေကို မျိုးဖြုတ်ခဲ့တဲ့ ဗန်ဟဲလ်ဆင်းရဲ့ ဟဲလ်ဆင်းမျိုးနွယ်တို့အပေါ် ကျေးဇူးပြုခဲ့တဲ့ မဟာမိတ်သွေးစုပ်ဖုတ်ကောင်တိုက်ဖျက်ရေးထဲ ပါခဲ့တဲ့သူတစ်ယောက်ပါ။ ဒရေဂူလာတွေမျိုးပြုတ်သွားခဲ့တာ နှစ်ပေါင်းရာနဲ့ချီကြာသွားပြီး အကုန်လုံးငြိမ်းချမ်းနေပေမယ့် အစွန်းရောက်ဘာသာရေးဂိုဏ်းတစ်ခုဟာ မျိုးရိုးစစ်ဒရေဂူလာကြီးကိုပြန်အသက်သွင်းဖို့လုပ်နေကြတာပါ။ အချိန်ကြာလာပြီဖြစ်တဲ့အလျောက် ဟဲလ်ဆင်းမျိုးနွယ်စုဟာလည်း တစ်ဖြည်းဖြည်းမျိုးဆက်ပြတ်လာခဲ့ပြီး မျိုးဆက်မရှိတော့သလောက်ဖြစ်သွားပါတယ်။ ဖြစ်ချင်တော့ မျိုးရိုးရဲ့အစွမ်းအစတွေမပါလာပေမယ့် မျိုးဆက်သွေးသားအဖြစ်ကျန်နေတဲ့ မိန်းမငယ်လေးတစ်ယောက်ဟာ ဂေဘရီယယ်နေတဲ့မြို့မှာရှိနေခဲ့ပါတယ်။ ဒါကိုသိသွားတဲ့ အစွန်းရောက်ဂိုဏ်းဟာ အဲဒီအမျိုးသမီးကို ပြန်ပေးဆွဲပြီး သူ့ရဲ့သွေးကိုယူပြီး ဒရေဂူလာတွေကိုချိတ်ပိတ်ထားတဲ့ တံဆိပ်ကိုဖျက်ဖို့ ကြိုးစားလာပါတော့တယ်။