လူစည်ကားရာ အသုဘပွဲတိုင်းမှာ ဂျေးတယောက်ကို တွေ့ရတတ်တယ်။အသုဘလာသမျှ လူတွေဆီက ဆုံးသွားတဲ့လူအကြောင်းတွေကို အရင်ဆုံးနားထောင်၊ပြီးရင် လူစည်စည်ရှေ့မှာဆုံးသွားတဲ့သူရဲ့ ကောင်းကြောင်းတွေ ရွေးကောက်အော်ညည်းရင်းလူအများအာရုံစိုက်လာအောင် လုပ်တတ်တဲ့ ဂျေး။သူက သတင်းစာတိုက်မှာ မှုခင်းသတင်းထောက်ဖြစ်ချင်တဲ့သူ။ဖြစ်နေတာက နာရေးသတင်းကြော်ငြာများများတက်အောင် ဖန်တီးပေးနေရတဲ့လူတယောက်ပေါ့။တနေ့တော့ ဓာတ်လိုက်ပြီး ဆုံးသွားတဲ့သူတယောက်ရဲ့ နာရေးနဲ့ မိုးကြိုးထိမှန်ပြီးဆုံးသွားတဲ့လူရဲ့နာရေးကိုတက်ပြီးတဲ့အချိန် နာရေးနှစ်ခုရဲ့ တိုက်ဆိုင်မှုတွေက နောက်ကွယ်မှာ ကိစ္စကြီးတခုရှိမယ်လို့ ခန့်မှန်းမိသွားရာကစသတင်းထောက်ဖြစ်ချင်တဲ့ ဂျေး အဖြစ်မှန်ကိုဖော်ထုတ်ဖို့ ကြိုးစားပါတော့တယ်။