Vadh 2 HD

Vadh 2

Crime Drama Thriller HD 2026-02-06 5 128 Min

၂၀၂၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ နာမည်ကျော် Vadh နဲ့ ဇာတ်လမ်းတိုက်ရိုက်မသက်ဆိုင်ပေမဲ့ သရုပ်ဆောင်တွေက ဇာတ်ကောင်အသစ်တွေအနေနဲ့ ပြန်လည်ပါဝင်လာတဲ့ Vadh 2 ကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းကိုတော့ မာဒယာပရာဒေ့ရှ် ပြည်နယ်ထဲက အကျဉ်းထောင်တစ်ခုမှာ ဇာတ်အိမ်တည်ထားပါတယ်။အငြိမ်းစားယူခါနီးသာမန်အောက်ခြေရဲဝန်ထမ်းတစ်ဦးဖြစ်တဲ့ရှမ်ဘူနတ်နဲ့ လူသ-တ်မှုနှစ်ခုနဲ့ ထောင်ဒဏ်ကျခံနေရပြီး မကြာခင် လွတ်ရက်စေ့တော့မယ့် မန်ဂျူးဆိုတဲ့အမျိုးသမီးအကျဉ်းသားတစ်ဦး။သူတို့နှစ်ဦးဟာလေးနက်တဲ့ ထောင်တွင်းသံယောဇဉ်တစ်ခု တည်ဆောက်မိထားကြသူတွေဖြစ်ပါတယ်။ ဒါပေမဲ့ အကျဉ်းထောင်အတွင်းမှာ သြဇာကြီးတဲ့ လူမိုက်တစ်ယောက်ဖြစ်သူ ကီရှပ်ဟာ နည်းမျိုးစုံနဲ့ထောင်တွင်းအနိုင်ကျင့်ဗိုလ်ကျမှုတွေ ပြုလုပ်လာတဲ့အခါမှာတော့ ထောင်တွင်းအခြေအနေတွေ တင်းမာလာပါတယ်။ တစ်နေ့မှာတော့ ကီရှပ်တယောက် ထောင်ထဲကနေ ထူးဆန်းစွာပျောက်ဆုံးသွားခဲ့ပြီး ဒီဖြစ်ရပ်ကို စုံစမ်းဖို့ လူတစ်ယောက် ရောက်လာတဲ့အခါမှာတော့...။