2073 HD

2073

Thriller Science Fiction HD 2024-12-27 6.625 83 Min

ဒီဇာတ်ကားကတော့ လက်ရှိဖြစ်နေတဲ့ ကမ္ဘာ့အရေးအခင်းတွေကိုအခြေခံပြီး လက်တစ်ကမ်းအကွာမှာရှိတဲ့ ကမ္ဘာ့နိုင်ငံရေးကို ရှေးရှပြီး ခေတ်လွန်ကာလကိုဇာတ်အိမ်တည်ရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း ၂၀၁၇ မှာ ဒေါနယ်ထရမ့် သမ္မတဖြစ်ပြီးနောက်ပိုင်း ကမ္ဘာ့နိုင်ငံရေးမြေပြင်အခြေအနေဟာ တစ်ဖြည်းဖြည်းတင်းမာလာခဲ့ပါတယ်။ အမေရိက၊ ဗြိတိန်၊ ရုရှား၊ တရုတ် တို့အပြင် ပြင်သစ်၊ အိန္ဒိယအစရှိတဲ့နိုင်ငံတွေဟာ တစ်ခုနဲ့တစ်ခုတင်းမာမှုဖြစ်လာခဲ့ပြီး ကမ္ဘာကြီးကို ယိုယွင်းသထက်ယိုယွင်းပျက်စီးသထက်ပျက်စီးအောင်လုပ်ဖို့ဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ ၂၀၇၃ ခုနှစ်ရောက်တဲ့အခါမှာ ကမ္ဘာကြီးဟာ စွန့်ပစ်ခံဂြိုဟ်တစ်ခုလိုဖြစ်လာခဲ့ပြီး ကမ္ဘာပေါ်က ဒေသအချို့တွေသာ လူနေလို့ရတဲ့အပန်းဖြေနေရာသဖွယ်ဖြစ်လာခဲ့ပါတယ်။