New Fist of Fury HD

New Fist of Fury

Action Thriller HD 1976-07-08 6 119 Min

ရှန်ဟိုင်းမြို့မှာ နာမည်ကျော် သိုင်းပညာရှင် ဆရာကြီး ဟော့ယွမ်ကျား အသတ်ခံရပြီးနောက် သူ့ရဲ့ တပည့်တွေဟာ ဂျပန်တွေရဲ့ ရန်ကနေ လွတ်မြောက်အောင် ထိုင်ဝမ်ကျွန်းကိုထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။ အဲဒီလိုနဲ့ ဆရာကြီးရဲ့ မြေးမတော်သူ မစ္စလီအာ က သိုင်းသင်တန်းကျောင်းသစ်တစ်ခု ပြန်လည်ထူထောင်ဖို့ ကြိုးစားခဲ့ပါတော့တယ်။ အဲဒီအချိန်မှာပဲ အားလုံ လိုခေါ်တဲ့ လမ်းဘေး လူငယ်လေးတစ်ယောက်ဟာ ဂျပန်တွေရဲ့ မတရား ဖိနှိပ်စော်ကားမှုတွေကို မျက်မြင်တွေ့ရှိခဲ့ရပြီးနောက်မှာတော့ သူခိုးဘဝကို စွန့်လွှတ်ပြီးသိုင်းပညာကို စတင်သင်ယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။မစ္စလီအာ က အားလုံ ကို ဆရာကြီးရဲ့ နာမည်ကျော် "မိစ္ဆာခြေလှမ်းနဲ့ လက်သီးသိုင်း"  ကို စနစ်တကျ သင်ကြားပေးခဲ့ပါတယ်။ ဂျပန်သိုင်းသမားတွေက တရုတ်သိုင်းလောကကို အပြီးတိုင်ဖျက်ဆီးဖို့ ကြိုးစားလာတဲ့အခါမှာတော့...မျိုးချစ်လူငယ် အားလုံ တစ်ယောက် ဂျပန်ကျူးကျော်သူတွေကို ဘယ်လိုတွေ ပြန်ပုန်ကန်တိုက်ခိုက်မလဲဆိုတာကိုတော့ အတူစောင့်ကြည့်လိုက်ရအောင်ပါ။