Ninja Wars - Black Fox vs Shogun's Ninja FHD

Ninja Wars - Black Fox vs Shogun's Ninja

Action History FHD 2026-03-30 8.3 0 Min

မြေခွေးဂိုဏ်း (Fox Clan) ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ရစ်ကာအီဆူရူဂီ က ရှိုးဂန်းအစိုးရကို ပုန်ကန်ဖို့ ကြံစည်နေတဲ့ White Lotus လို့ခေါ်တဲ့ လျှို့ဝှက်ဂိုဏ်းတစ်ခုအကြောင်းကို စုံစမ်းနေခဲ့တယ်။အဲဒီလို စုံစမ်းနေရင်းနဲ့ ရှိုးဂန်းက စေလွှတ်လိုက်တဲ့ ဖူမာ (Fuma) နင်ဂျာမလေး အိုကျို နဲ့ သွားဆုံကြရော။အစပိုင်းမှာ သူတို့နှစ်ယောက်က လမ်းကြောင်းမတူပေမယ့် နောက်ပိုင်းမှာ တိုကူဂါဝါ မိသားစုအပေါ် နက်နက်ရှိုင်းရှိုင်း ကလဲ့စားချေဖို့ ကြိုးစားနေတဲ့ ဟတ်တိုရီဟန်ဇို ဦးဆောင်တဲ့ အီဂါ (Iga)နင်ဂျာအဖွဲ့ကြီးနဲ့ ရင်ဆိုင်ရတဲ့အခါမှာတော့ တူညီတဲ့ရန်သူကို တိုက်ခိုက်ဖို့ ဖြစ်လာခဲ့တယ်။ဒီလိုနဲ့ မြေခွေးကလန်၊ ဖူမာ နင်ဂျာ နဲ့ အီဂါ နင်ဂျာ ဆိုပြီး အဖွဲ့သုံးဖွဲ့ကြားက အကြိတ်အနယ် တိုက်ခိုက်ကြတဲ့ သုံးပွင့်ဆိုင် နင်ဂျာစစ်ပွဲကြီး အကြောင်းကို အမိုက်စား အက်ရှင်ကွက်တွေနဲ့ကြည့်ရမယ့် ကားမျိုးပါပဲ။နင်ဂျာကားတွေ၊ ကိုယ်ခံပညာ သိုင်းကားတွေကို ကြိုက်တတ်တဲ့သူတွေဆိုရင်တော့ အက်ရှင်ခန်းတွေ တဝကြီးကြည့်ရမှာမလို့ လက်မလွတ်သင့်တဲ့ ကားကောင်းတစ်ကားဖြစ်မှာသေချာတယ်နော်။