ဒီတစ်ခါမှာတော့ Neflix ကနေ ထုတ်လုပ်ထားတဲ့ documentary တွေထဲမှာမှ အိမ်ထောင်ရှင်တွေရဲ့ ကျန်းမာရေးတွေကို ဗဟိုထားပြီးရိုက်ကူးထားတဲ့ အသိပညာပေး documentaryဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ၂၀၀၀ ခုနှစ်နှောင်းပိုင်းမှာ ကမ္ဘာတစ်ဝှမ်း အထူးသဖြင့် အမေရိကနိုင်ငံမှာ ပလတ်စတစ်နဲ့ ပြန်အသုံးပြုပလတ်စတစ်တွေပေါများလာပြီး ပလတ်စတစ်စက်မှုဇုန်ကြီးတစ်ခုလုံးဟာလူနေမှုသံသရာကြီးတစ်ခုလုံးမှာ မပါမဖြစ် အသုံးဆောင်ပစ္စည်းတွေဖြစ်လာပါတယ်။ နေ့တိုင်းအသုံးပြုနေတဲ့ သောက်ရေဘူး ဖုန်းကာဗာခွံတွေက အစ စားသောက်အစားအသောက်တွေရဲ့ ထုတ်ပိုးပုံတွေ စျေးဆိုင်တွေမှာ ထုတ်ပေးတဲ့ ဘောင်ချာတွေမှာပါ ပလတ်စတစ်နဲ့ပလတ်စတစ်ရဲ့ဆက်စပ်ပစ္စည်းတွေအကုန်ပါနေတာပါ။ ဒီဟာတွေဟာ စက်မှုတော်လှန်ရေးဖြစ်ပြီးနောက်ပိုင်း ဆယ်စုနှစ်တစ်ခုလောက်အထိတော့ လူနေမှုအသိုင်းအဝိုင်းအပေါ် အကျိုးပြုပြီး ဘဝပေါင်းများစွာကိုလွယ်ကူသက်သာအောင်ပြုလုပ်ခဲ့ပေမယ့်လည်း ဆယ်စုနှစ်များစွာကြာလာတဲ့အခါမှာတော့ လူတွေရဲ့ မျိုးပွားနှုန်းနဲ့ သန္ဓေအောင်နှုန်းကိုပါထိခိုက်လာစေပါတယ်။ ဒီဇာတ်ကားထဲမှာတော့ အမေရိကက စုံတွဲအနည်းစုကို အချိန်ကာလတစ်လျှောက် ပလတ်စတစ်သုံးစွဲမှုကိုလျှော့ချခိုင်းပြီး ဒီအလေ့အကျင့်ရဲ့အကျိုးသက်ရောက်မှုတွေကလူတွေရဲ့အိမ်ထောင်တွင်းကျန်းမာရေးကိုမြှင့်တင်ပေးလဲဆိုတာကို သက်သေအထောက်အထားနဲ့တကွ ရိုက်ကူးတင်ဆက်ပေးထားတာပဲဖြစ်ပါတယ်။