The Four Gates of Death HD

The Four Gates of Death

Comedy Horror HD 2026-02-03 3 78 Min

သည်းထိတ်ရင်ဖိုနဲ့ ထူးဆန်းအံ့သြဖွယ်ရာ ဇာတ်လမ်းတိုလေးတွေကို စုစည်းထားတဲ့ Horror Anthology ရုပ်ရှင်ကားသစ်တစ်ကားပါ။ ဇာတ်ကားတစ်ကားတည်းမှာတင် မတူညီတဲ့ကြောက်စရာပုံစံ ၄ မျိုးကို ခံစားရမှာဖြစ်လို့ မပျင်းရပါဘူး။ဒီဇာတ်ကားမှာ သေခြင်းတရားနဲ့ ပတ်သက်ပြီး ထူးဆန်းတဲ့ တံခါး ၄ ပေါက် (ဇာတ်လမ်း ၄ ခု) ပါဝင်ပါတယ်။သင်္ချိုင်းက ချိန်းတွေ့မှု (Graveyard Rendezvous): ကြေးစားလူသတ်သမားတစ်ယောက်က မိန်းကလေးတစ်ယောက်နဲ့ သင်္ချိုင်းထဲမှာ ချိန်းတွေ့ပါတယ်။ အဲဒီကစပြီး ရိုမန့်တစ်ဆန်ရာကနေအိပ်မက်ဆိုးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပုံပါ။မိသားစု ပိတ်ရက် (Family Weekend): အဖေဖြစ်သူက သူ့ရဲ့သားလေးကို ခေါ်ပြီး သူငယ်ချင်းဖြစ်သူရဲ့ သားသတ်ရုံကို အလည်သွားပါတယ်။ ဒါပေမဲ့ အဲဒီနောက်ကွယ်မှာကြောက်စရာကောင်းတဲ့ အကြံစည်တစ်ခု ရှိနေပါတယ်။VHS စုဆောင်းသူ (The VHS Collector): ရှေးဟောင်း Horror ဗီဒီယိုခွေတွေကို အရူးအမူး စုဆောင်းတဲ့လူတစ်ယောက်က အရမ်းရှားပါးတဲ့ ခွေတစ်ခွေကို ရဖို့အတွက် ဘယ်လိုရက်စက်မှုတွေလုပ်မလဲဆိုတာ ရိုက်ပြထားပါတယ်။ဒဏ်ရာဟောင်း (Old Wounds): ငယ်သူငယ်ချင်း နှစ်ယောက် ပြန်ဆုံကြရာကနေ ငယ်ငယ်က သူတို့ကြုံခဲ့ရတဲ့ ကြောက်စရာကောင်းတဲ့ ဖြစ်ရပ်တစ်ခုကို ပြန်သတိရလာပြီး အမှန်တရားတွေပေါ်လာပုံပါ။ ဇာတ်လမ်း ၄ ခုကို တစ်ကားထဲရိုက်ပြထားတဲ့ VHS ဇာတ်လမ်းတွေထဲမှာ ဒီကားကလည်း ကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။