Blood Haven HD

Blood Haven

Action Crime HD 2025-12-30 8.3 113 Min

အခုနောက်ပိုင်း တော်တော်လေး နာမည်ကြီးနေတဲ့ ကျားဖြန့် (အွန်လိုင်းလိမ်လည်မှု) ဂိုဏ်းတွေအကြောင်းကို အခြေခံပြီး ရိုက်ထားတာပါ။ "အလုပ်ပင်ပန်းမှုမရှိဘဲ လစာကောင်းကောင်းရမယ်"ဆိုတဲ့ မက်လုံးတွေနဲ့ လူငယ်တွေကို နယ်စပ်က အထူးဒေသတွေဆီ လိမ်လည်ခေါ်ဆောင်သွားတဲ့ အဖြစ်အပျက်တွေနဲ့ စတင်ထားပါတယ်။ အဲဒီလို လိမ်ခေါ်ခံရပြီး ရောက်သွားတဲ့သူတွေဟာ အပြင်ထွက်ခွင့်မရဘဲ အကျဉ်းချခံထားရပြီးတော့ ကိုယ့်နိုင်ငံသားတွေကိုပဲ ပြန်လည် လိမ်လည်ဖို့ အတင်းအကျပ် ခိုင်းစေခံရတဲ့အခြေအနေတွေကို ရင်တမမနဲ့ ကြည့်ရမှာပါ။ဒီကားထဲမှာ မင်းသား Quang Tuan က ပျောက်ဆုံးနေတဲ့ ညီမဖြစ်သူကို လိုက်ရှာတဲ့ တွမ် ဆိုတဲ့ ကာရိုက်တာကနေ သရုပ်ဆောင်ထားပြီး၊ အဲဒီဒုစရိုက်ဂိုဏ်းခေါင်းဆောင် ဖူး နေရာမှာတော့Quach Ngoc Ngoan က သရုပ်ဆောင်ထားပါတယ်။ လိမ်လည်မှုအဖွဲ့အစည်းရဲ့ အကြီးတန်း မန်နေဂျာ မိုင် အဖြစ် Thanh Huong က အပီပြင်ဆုံး သရုပ်ဆောင်ထားပါတယ်။ တွမ် တို့လို သားကောင်ဖြစ်သွားတဲ့ လူငယ်တွေ ဒီငရဲခန်းကြီးထဲကနေ ဘယ်လို လွတ်မြောက်အောင် ကြိုးစားကြမလဲ၊ ဘယ်လို ရက်စက်မှုတွေနဲ့ ရင်ဆိုင်ရမလဲ ဆိုတာကိုဇာတ်ကွက်အလှည့်အပြောင်းတွေနဲ့ စိတ်ဝင်စားစရာ တင်ဆက်ထားတာ တွေ့ရမှာပါ။ဒီကားလေးဟာ လက်ရှိခေတ်မှာ တကယ်ဖြစ်ပျက်နေတဲ့ အွန်လိုင်းလိမ်လည်မှုတွေ၊ လူကုန်ကူးမှုတွေကို သတိထားမိစေဖို့ ရိုက်ကူးထားတာဖြစ်လို့ ကြည့်ရှုရင်းနဲ့ ဗဟုသုတရော၊ အက်ရှင်နဲ့ဒရာမာ ရသကိုပါ အပြည့်အဝခံစားရမယ့် ကားကောင်းတစ်ကားဖြစ်လို့ အချိန်ပေးပြီး ကြည့်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်ဗျာ။