Out Standing FHD

Out Standing

Drama History FHD 2025-09-26 6.3 106 Min

ကနေဒါ စစ်တပ်သမိုင်းမှာ ပထမဆုံး အမျိုးသမီး ခြေလျင်တပ်အရာရှိ ဖြစ်လာတဲ့ ဆန်ဒရာပယ်ရွန် ရဲ့ ဘဝအကြောင်းကို အသက်ဝင်ဝင် ရိုက်ပြထားတာပါ။ ၁၉၉၅ ခုနှစ်မှာ ခရိုအေးရှားနိုင်ငံက ငြိမ်းချမ်းရေးထိန်းသိမ်းမှု စစ်ဆင်ရေးကနေ ပြန်လာပြီးတဲ့နောက်မှာ သူက စစ်တပ်ကနေ ရုတ်တရက်ကြီး နုတ်ထွက်လိုက်ပါတယ်။အဲဒီလို နုတ်ထွက်လိုက်ပြီး သိပ်မကြာခင်မှာပဲ စစ်ဝတ်စုံနဲ့ သူ့ကို သစ်ပင်မှာ ကြိုးတုပ်ထားတဲ့ ပုံတစ်ပုံ ထွက်လာပါတော့တယ်။ အဲဒီကနေစပြီး စာနယ်ဇင်းသမားတွေရော၊ စစ်တပ်ကပါ သူ့ကို စုံစမ်းစစ်ဆေးမှုတွေ ဆက်တိုက်လုပ်လာပါတယ်။ ဒါပေမဲ့ ဆန်ဒရာပယ်ရွန် ကတော့ ကိုယ့်ကိုယ်ကိုယ် အနိုင်ကျင့်ခံရသူ တစ်ယောက်အနေနဲ့ ခေါင်းငုံ့မခံဘဲ စစ်တပ်ထဲက ဖိနှိပ်မှုတွေ၊ အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံမှုတွေကို ရဲရဲဝံ့ဝံ့ဘယ်လိုရင်ဆိုင်ဖြေရှင်းသွားလဲဆိုတာကို ရင်ခုန်စရာ ကြည့်ရမယ့် ကားလေးပါ။စစ်တပ်ထဲက အမျိုးသမီးတွေ ကြုံတွေ့ရတဲ့ အခက်အခဲတွေ၊ စိတ်ဒဏ်ရာတွေကို သရုပ်ဆောင် Nina Kiri က အကောင်းဆုံး ပုံဖော်သရုပ်ဆောင်ပြသွားတဲ့ ကားမို့လို့ ဖြစ်ရပ်မှန် ဒရာမာကားတွေကြိုက်တယ်ဆိုရင်တော့ လက်မလွတ်တမ်း ကြည့်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်ဗျာ။