နယူးဇီလန် သည်းထိတ်ရင်ဖိုရုပ်ရှင်ကောင်းလေးတခုကို တင်ဆက်ပေးလိုက်ပါတယ်။အကြောင်းကြောင်းကြောင့် အမြင်အာရုံဆုံးရှုံးခဲ့ရတဲ့ မက်ဒလင်းဆိုတဲ့ မူကြိုဆရာမလေး။ သူဟာ စိတ်ဒဏ်ရာကြောင့် သူ့ရဲ့ သူနာပြုဖြစ်သူကလွဲလို့ ပတ်ဝန်းကျင်နဲ့ အဆက်အသွယ်ဖြတ်နေရာကနေ သူတို့အိမ်နားကို အသစ်ပြောင်းလာတဲ့ လူဝီဆိုတဲ့ လူချောတယောက်နဲ့ ရင်းနှီးသွားခဲ့ပါတယ်။ တကယ်တော့ လူဝီဟာ လူကောင်းဖြစ်ဖို့ကြိုးစားနေတဲ့ ထောင်ထွက်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့အတိတ်ကအရိပ်တွေက နောက်ကလိုက်လာတဲ့အခါမှာတော့ မက်ဒလင်းနဲ့ လူဝီတိုအပေါ် ဘယ်လိုသက်ရောက်မှုတွေရှိလာမလဲဆိုတာ ဒီရုပ်ရှင်ထဲမှာမြင်တွေ့ကြရမှာပါ။