Beauty and the Beat FHD

Beauty and the Beat

Comedy Music FHD 2025-12-10 4 125 Min

"တောင်တစ်တောင်မှာ ကျားနှစ်ကောင် မအောင်းနိုင်သလို... စင်မြင့်တစ်ခုတည်းမှာလည်း နတ်မိမယ်တွေ အပြိုင်ကြဲလို့ မရဘူး..."GDH ကနေအသစ်ထွက်လာတဲ့ အူတက်အောင်ရယ်ရမဲ့ Thai Comedy ကားကောင်းလေး ရောက်လာပါပြီဗျာ။ဇာတ်လမ်းကတော့ ချစ်လှပါချည်ရဲ့ဆိုတဲ့ ရည်းစားဆီကနေ အလိမ်ခံလိုက်ရလို့ ဘဝအောက်ဆုံးထိုးကျသွားတဲ့ တစ်ချိန်က နာမည်ကြီး ဒီဗာအဆိုတော်ကြီး ပလိုင်ဖန်တစ်ယောက်၇ နှစ်အကြာမှာ သူ့ရဲ့ "နတ်မိမယ်" နေရာကို ပြန်ယူဖို့ ကြိုးစားရာကနေ စထားပါတယ်။ဒါပေမဲ့ သူ့ရဲ့ Comeback ပွဲမှာ ခေတ်သစ် Gen-Z အိုင်ဒေါတွေ၊ ပြိုင်ဘက်တွေနဲ့ စင်မြင့်တစ်ခုတည်း အတူတူလုရတဲ့အခါ... မာနခဲမမတွေကြား ဘယ်လိုတွေ ဗရုတ်သုတ်ခ ငြင်းခုံပြီး ဘယ်သူက"အစစ်အမှန် နတ်မိမယ်" ဖြစ်သွားမလဲဆိုတာ ခွီရမှာပါ။မင်းသမီးချော Jacqueline Muench၊ ပရိသတ်အချစ်တော် Pingpong နဲ့ Nunew Chawarin တို့ ပါဝင်ထားပြီး ရောင်စုံဖက်ရှင်အလန်းစားတွေ၊ T-Pop သီချင်းမိုက်မိုက်တွေနဲ့ ပေါ့ပေါ့ပါးပါးရယ်ရမယ့် ဇာတ်ကားလေးမို့ အမောပြေ ပြေးကြည့်လိုက်ကြပါဦးစို့။