မင်းသားကြီး ဗီဂျေးစည်သူပသီက ဗီဂျေးစည်သူပသီအနေနဲ့ပဲ ရေဒီယိုတင်ဆက်သူနေရာကနေပါဝင်သရုပ်ဆောင်ထားတဲ့ တမီးလ်ဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ဗီဂျေးရဲ့ရေဒီယိုအစီအစဉ်မှာ အသက်အရွယ်မရွေး၊ အလွှာပေါင်းစုံက ချစ်သူတွေကနေသူတို့ရဲ့ အသည်းကွဲဇာတ်လမ်းနဲ့ အမှတ်တရတွေကို ဖုန်းခေါ်ပြီး မျှဝေကြပါတယ်။ဖုန်းခေါ်ကြတဲ့သူတွေထဲကမှအသက်အရွယ်မတူကြတဲ့ ချစ်သူစုံတွဲနှစ်တွဲရဲ့စိတ်ဝင်စားစရာဇာတ်လမ်းတွေကို တကန့်စီ ပုံဖော်ရိုက်ကူးထားတာမို့ ခံစားကြည့်ရှုကြပါဦး။