လူရွှင်တော် (Comedians) တွေရဲ့ ဘဝနောက်ကွယ်က စိတ်ပိုင်းဆိုင်ရာ ရုန်းကန်မှုတွေကို ပွင့်ပွင့်လင်းလင်းနဲ့ ရယ်မောစရာရော၊ တွေးတောစရာပါ ရောထွေးရိုက်ကူးထားတဲ့ Documentaryကားကောင်းတစ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားမှာ နာမည်ကျော် လူရွှင်တော်တွေဖြစ်ကြတဲ့ Mike Birbiglia, Nicole Byer, Tig Notaro နဲ့ Atsuko Okatsuka တို့လို ထိပ်တန်းအနုပညာရှင် ၆ ယောက်ဟာ စုပေါင်းစကားဝိုင်း(Group Therapy) တစ်ခုမှာ ဆုံတွေ့ခဲ့ကြပါတယ်။ သူတို့ဟာ စင်ပေါ်မှာ လူတွေကို ရယ်မောအောင် လုပ်ပေးနေရပေမဲ့ သူတို့ကိုယ်တိုင် ကြုံတွေ့နေရတဲ့ စိတ်ကျရောဂါ (Depression)၊ စိုးရိမ်ပူပန်မှု (Anxiety) နဲ့ ဘဝရဲ့ ဆုံးရှုံးမှုတွေအကြောင်းကိုပထမဆုံးအကြိမ် ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြတာပါ။ဒါရိုက်တာ Neil Berkeley က စိတ်ကျန်းမာရေး (Mental Health) ဆိုတဲ့ လေးနက်တဲ့ အကြောင်းအရာကို လူရွှင်တော်တွေရဲ့ ဟာသအမြင်တွေနဲ့ ပေါင်းစပ်ပြီး ပေါ့ပေါ့ပါးပါးဖြစ်အောင်တင်ဆက်ထားတဲ့ စကားဝိုင်းလေးတစ်ခုပါ။