Homecam FHD

Homecam

Horror FHD 2025-09-10 5.2 94 Min

နေရာသစ်တစ်ခုဆီ အိမ်ပြောင်းလာတဲ့ အာမခံ စုံစမ်းစစ်ဆေးရေးမှူး ဝူဆောင်းဟီး (Yoon Se A) ဟာ သူ အလုပ်သွားနေစဉ်မှာ သူ့ရဲ့သမီးလေး ဂျီအူ (Yoon Byeolha) ကို ထိန်းပေးဖို့အတွက် ဗီယက်နမ်သူ အိမ်အကူကို ငှားထားပြီး သမီးလေးကို အမြဲမပြတ် စောင့်ကြည့်နိုင်ဖို့အတွက်လည်း တစ်အိမ်လုံးအနှံ့မှာ Homecam တွေ တပ်ဆင်ထားလိုက်ပါတယ်။ တစ်နေ့မှာ ဆောင်းဟီးက ကုမ္ပဏီကနေ Homecam ကို စောင့်ကြည့်နေရင်း ကြောက်မက်ဖွယ် သူစိမ်းမိန်းကလေးတစ်ဦးက ဂျီအူနဲ့အတူ ရှိနေတာကို တွေ့မြင်လိုက်ရတဲ့အခါ ချက်ချင်း ဖုန်းဆက်မေးလိုက်ပေမဲ့ ဂျီအူရော အိမ်အကူမိန်းကလေးကရော သူတို့ကလွဲပြီး ဘယ်သူမှ မရှိဘူးလို့ ပြန်ဖြေခဲ့တာကြောင့် ဆောင်းဟီးလည်း ပဟေဠိဖြစ်သွားရတာပေါ့။အဲဒီနောက်ပိုင်းမှာလည်း အဆိုပါ သူစိမ်းမိန်းကလေးက Homecam ထဲမှာ မကြာခဏ ပေါ်လာတတ်ပေမဲ့ အိမ်မှာတော့ ဘာခြေရာလက်ရာမှကို ရှာမတွေ့ခဲ့ပါဘူး။ တစ်ဖက်မှာလည်း ဂျီအူက ကြာလေလေ ထူးဆန်းတဲ့ အပြုအမူတွေ လုပ်လာတဲ့အခါမှာတော့...တကယ်ပဲ Homecam ထဲမှာ ပေါ်ပေါ်လာတဲ့ သူစိမ်းမိန်းကလေးက ဘယ်သူဖြစ်မလဲ.....ဂျီအူကရော ဘာကြောင့် တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး ပြောင်းလဲလာနေတာလဲဆိုတာကိုတော့ဇာတ်လမ်းထဲမှာပဲ ဆက်လက် အဖြေရှာရင်း ကြည့်ရှုပေးကြပါဦး။