မာလျာလမ်စကားပြော မှုခင်းဟာသ ရုံတင်ရုပ်ရှင်လေးကိုတင်ဆက်ပေးချင်ပါတယ်။ ခရစ်စတီဟာ အိမ်ထောင်ပြုခါနီး သတို့သားလောင်းဖြစ်ပြီး သူ့မှာ ဘီနွိုင်းနဲ့ ဆာဂျီဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ရှိပါတယ်။ ဘီနွိုင်းနဲ့ ဆာဂျီဟာ ခရစ်စတီ့အတွက် လူပျိုပါတီလုပ်ပေးရင်းစပရိုက်ဖြစ်အောင် ကြေးစားမလေးနှစ်ယောက်ကိုခေါ်လိုက်ပါတယ်။ ခရစ်စတီဟာ အဲဒီကြေးစားမလေးနှစ်ယောက်ထဲက တစ်ယောက်ကို ကူညီပေးရင်း ပြဿနာတစ်ခုထဲဝင်ပါမိတုန်းမှာအကျင့်ပျက်ခြစားမှုနဲ့ အလုပ်ပြုတ်ထားတဲ့ရဲတွေနဲ့ တိုးပြီး ပြဿနာတွေပိုကြီးသွားတဲ့အခါမှာတော့ ခရစ်စတီတို့တသိုက် ဘယ်လိုဖြေရှင်းမလဲ၊ ဘယ်လိုဘရုတ်တွေဖြစ်မလဲဒီရုပ်ရှင်ထဲမှာမြင်တွေ့ကြရမှာပါ။