Second Case of Seetharam HD

Second Case of Seetharam

Crime Thriller HD 2026-02-20 8.3 120 Min

၂၀၂၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ Seetharam Benoy: Case No. 18 ရဲ့ အဆက် ကန်နာဒါစကားပြော စုံထောက်သည်းထိတ်ရင်ဖို ရုပ်ရှင်ကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်မှာတော့စုံထောက်အရာရှိ စီသာရမ်ဟာ အာနေဂဒေးလို့ခေါ်တဲ့ မြို့လေးမှာ ဖြစ်ပွားနေတဲ့ ကြောက်မက်ဖွယ် ကွင်းဆက်လူသ-တ်မှုတွဲတွေကို စုံစမ်းစစ်ဆေးရမှာ ဖြစ်ပါတယ်။ေသဆုံးသူတွေဟာအင်မတန်ရက်စက်တဲ့ နည်းလမ်းတွေနဲ့ အသ-တ်ခံထားရတာဖြစ်ပြီး လူသ-တ်သမားကလည်း သဲလွန်စတွေကို ထောင့်စေ့အောင် ဖုံးကွယ်ထားနိုင်တဲ့ စိတ္တဇလူသ-တ်သမား တစ်ဦးဖြစ်နေပါတယ်။ စုံထောက်မင်း စီသာရမ်ဟာဒီအမှုတွေကို လိုက်လံဖြေရှင်းရင်း တဖက်မှာလည်း သူ့ရဲ့ မိသားစုပြဿနာကြောင့် စိတ်ဖိစီးမှုတွေ ကြုံတွေ့နေရပြီး အချိန်နဲ့အမျှ တိုးပွားလာတဲ့ရုပ်အလောင်းတွေကြားထဲမှာ စီသာရမ် တစ်ယောက် လူသ-တ်သမားရဲ့ နောက်ကွယ်က ရည်ရွယ်ချက်ကို ဘယ်လိုပုံဖော်ပြီး ဖမ်းဆီးမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပါ။​။