အတက်ရောဂါဖြစ်တတ်လို့ ဆားဗစ်ခွေးလေးတစ်ကောင်နဲ့အတူ Appalachian Trail တစ်လျှောက်တောင်တက်ရင်း 'Food Vlog' ရိုက်နေတဲ့ ပန်းကန်ဆေးသမ(Gracie Gillam) ကိုတွေ့ရမှာပါ။ သူဟာ တည်းခိုခန်းတစ်ခုမှာ နားြီး အဲ့ဒီက ဟစ်ပီတွေ၊တည်းခိုခန်းပိုင်ရှင် အမျိုးသမီးတို့နဲ့အတူအဖွဲ့ကျသွားပြီး ထွေရာလေးပါးပြောရင်း ကျမ်းစာဇာတ်ကြောင်းတွေ ပြောဖြစ်၊မှိုတွေစားဖြစ်ရာက Trip ဖြစ်သွားခဲ့ပါတယ်။အဲ့ဒီအချိန်ကစလို့ သူဟာ စိတ်ကူးနဲ့လက်တွေ့ဘ၀ကို ခွဲခြားလို့မရတော့ပဲ အဲ့ဒီမတိုင်ခင် သူ့ရဲ့စိတ်ဒဏ်ရာတွေ မွန်းကျပ်မှုတွေတွေ၊ သိုဝှက်ထားတဲ့ စိတ္တဇတွေဟာ အသွင်အမျိုးမျိုးဆောင်ပြီးသူ့ကိုခြောက်လှန့်ကြပါတော့တယ်။ အဲ့ဒီလိုအခြေအနေမျိုးမှာမှခရီးသွားဖော်အဖြစ် အာခီလိးဆိုတဲ့ တောင်တက်သမားကိုရွေးချယ်လိုက်မိပြီး အဲ့ဒီလူမှာပါ သူနဲ့ထပ်တူ စိတ်ဒဏ်ရာမျိုးတွေရှိနေတာသိလိုက်ရပါတယ်။ Mile 666 ဟာ အဓိကမင်းသမီးနဲ့အတူ ကိုယ်တိုင် Trip တစ်ခုလစ်သွားရသလိုခံစားရမယ့်ဇာတ်ကားပါ။ အားနည်းချက် တစ်ချို့ရှိပေမယ့် ဘာတွေဖြစ်နေတာလဲ ဘယ်လိုဇာတ်သိမ်းမလဲဆိုတာအဆုံးထိသိချင်စိတ်ကိုဆွဲဆောင်နိုင်ခဲ့ပါတယ်။