ပြင်သစ်နိုင်ငံရဲ့ နာမည်ကျော် Sci-Fi YouTube Channel တစ်ခုကနေ အစပြုပြီး ပရိသတ်တွေ အခိုင်အမာရရှိထားတဲ့ universe ကို အခြေခံပြီး ရိုက်ကူးထားတဲ့ Space Opera / Adventureရုပ်ရှင် ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ Sci-Fi ဝါသနာအိုးတွေအတွက်တော့ လက်မလွှတ်သင့်တဲ့ လက်ရာတစ်ခုပါ။ဇာတ်လမ်းကတော့ "NEXUS VI" အာကာသယာဉ်အဖွဲ့သားတွေဟာ ပြင်းထန်လှတဲ့ အာကာသတိုက်ပွဲတစ်ခုအပြီးမှာ လူသူမရှိတဲ့ အရိုင်းဂြိုဟ်တစ်ခုပေါ်ကို မတော်တဆ ပျက်ကျသွားရာကစတင်ပါတယ်။ ဒီလို ဒုက္ခရောက်နေတဲ့အချိန်မှာပဲ သူတို့ရဲ့ တွဲဖက်လေယာဉ်မှူးဟာ လျှို့ဝှက်ဆန်းကြယ်တဲ့ ဂိုဏ်းတစ်ခုရဲ့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ခံလိုက်ရပါတယ်။ကျန်ရစ်ခဲ့တဲ့ အဖွဲ့သားတွေဟာ သူတို့ရဲ့ အဖော်ကို ပြန်လည်ကယ်တင်ဖို့အတွက် အန္တရာယ်ပေါင်းစုံ၊ ထူးဆန်းတဲ့ သတ္တဝါတွေနဲ့ စိန်ခေါ်မှုများစွာကို ဒီဂြိုဟ်ပေါ်မှာ ရင်ဆိုင်ကျော်ဖြတ်ကျော်ရမယ့်အာကာသစွန့်စားခန်းတစ်ခုဖြစ်လာပါတော့တယ်