53 Sundays HD

53 Sundays

Comedy Drama HD 2026-03-26 6.011 78 Min

စပိန်ရုပ်ရှင်လောကရဲ့ အကောင်းဆုံး သရုပ်ဆောင် ၃ ဦးဖြစ်တဲ့ Javier Cámara, Carmen Machi နဲ့ Javier Gutiérrez တို့ကို တစ်ကားတည်းမှာ အတူတူမြင်တွေ့ရမှာဖြစ်ပြီးထိပ်တန်းဒါရိုက်တာ Cesc Gay ရိုက်ကူးထားတဲ့ Family Comedy-Drama ကားကောင်းတစ်ကား ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ အသက် ၈၀ ကျော်အရွယ် ဖခင်ဖြစ်သူဟာ ထူးဆန်းတဲ့ အမူအကျင့်တွေ စတင်ပြသလာတဲ့အတွက်ကြောင့် မောင်နှမ ၃ ယောက်ဖြစ်တဲ့ Victor  Natalia  နဲ့ Francisco  တို့ပြန်လည်ဆုံတွေ့ကြရာက စတင်ပါတယ်။သူတို့ ၃ ယောက်ဟာ ဖခင်ဖြစ်သူကို ဘယ်လိုပြုစုစောင့်ရှောက်မလဲဆိုတာ ဆွေးနွေးဖို့ ကြိုးစားကြပေမဲ့၊ တကယ်တမ်းမှာတော့ သူတို့ကြားက ကာလရှည်ကြာ အမြစ်တွယ်နေတဲ့ မနာလိုမှုတွေ၊ငြင်းခုံမှုတွေနဲ့ အတိတ်က ကိစ္စတွေက ရှေ့တန်းရောက်လာပါတော့တယ်။ တစ်ပတ်ကို တစ်ရက် ဆုံတွေ့ကြရင်းနဲ့ တစ်နှစ်တာရဲ့ တနင်္ဂနွေနေ့ပေါင်း ၅၃ ရက်အတွင်းမှာ သူတို့မိသားစုရဲ့ ဆက်ဆံရေးတွေ ဘယ်လိုပြောင်းလဲသွားမလဲဆိုတာကို ရိုက်ပြထားတဲ့မိသားစုဒရမ်မာကားကောင်းတစ်ကားဖြစ်ပါတယ်။