နစ်ကိုးလ်နဲ့ဆတ်ဘေးရှန်းတို့လင်မယားဟာ တစ်ဦးတည်းသော သမီးငယ်ကိုဆုံးရှုံးရပြီးနောက် သောကတွေမပြေသေးခင်မှာ ဆတ်ဘေးရှန်းရဲ့ဖခင် သေဆုံးမှုကြောင့် သူ့ဇာတိဗင်နီဇွဲလားကိုပြန်လာခဲ့ကြရပါတယ်။သူတို့ပြန်ရောက်ချိန်မှာ ဆတ်ဘေးရှန်းရဲ့ဖခင် သေဆုံးမှုနဲ့အတူ ပဟေဠိဆန်တဲ့ကိစ္စတွေ တစ်ခုပြီးတစ်ခုဖြစ်ပေါ်နေပြီးခြံမွေးတိရိစ္ဆာန်တွေပျောက်ဆုံးတာ၊နောက်ထပ်လူသေဆုံးမှုတွေပါထပ်မံပေါ်ပေါက်လာချိန်မှာတော့ သူတို့ဟာကျူးကျော်သူလို့အမည်ပေးထားတဲ့ နတ်ဘုရားမ မာရီယာလီယွန်ဇာကို ကိုးကွယ်သူတစ်စုကိုအပြစ်ပုံချခဲ့ပါတယ်။ဒါပေမယ့် တကယ်တမ်းမှာတော့ သူတို့မှန်းဆလို့မရအောင် ကြောက်စရာကောင်းတဲ့ ရှေးဟောင်းနာမ်လောကပုဂ္ဂိုလ်တစ်ပါးဟာ ဒီပညာတွေကိုအလွဲသုံးသူတွေရဲ့မှားယွင်းမှုကြောင့်လွတ်မြောက်လာပြီး မည်းမည်းမြင်ရာသုတ်သင်တော့မယ်ဆိုတာ အသိနောက်ကျသွားတဲ့အခါ..။The Whistler ဟာ နာမည်ကျော်ဗင်နီဇွဲလား ရိုးရာပုံပြင်တစ်ပုဒ်ဖြစ်တဲ့"El Silbón" (The Whistler) ကိုအခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ ဒေသခံနတ်ဘုရားကိုးကွယ်မှု၊လက်တင်အမေရိကားရဲ့ နာမည်ကျော် Urban Legend တစ်ခုကိုခေတ်ပေါ်ရုပ်ရှင်နည်းပညာတွေ၊ အထူးပြုလုပ်ချက်တွေနဲ့ပေါင်းစပ်ဖန်တီးထားတဲ့ Folk Horror ကားကောင်းတစ်ကားပါ။