Broken HD

Broken

Action Crime Drama HD 2014-04-10 7.073 122 Min

ဇနီးသည် ဆုံးပါးသွားပြီးနောက် သမီးဖြစ်သူ ဆူဂျင်းနဲ့အတူ အေးအေးချမ်းချမ်း နေထိုင်နေတဲ့ ဖခင်ဆန်းဟျွန်းတစ်ယောက် တစ်နေ့မှာတော့ ကမ္ဘာပျက်မတတ် သတင်းဆိုးတစ်ခုကို ကြားလိုက်ရပါတော့တယ်။ အဲဒါကတော့ သူ့ရဲ့တစ်ဦးတည်းသော သမီးလေးဟာ လူငယ်တစ်စုရဲ့ မတရားကျင့်ကြံ သတ်ဖြတ်ခြင်းကို ခံလိုက်ရတာပါပဲ။တရားခံ​တွေကို ရှာမတွေ့သေးခင်မှာပဲ ဆန်းဟျွန်းဆီကို အမည်မသိ ဖုန်းနံပါတ်တစ်ခုကနေ တရားခံတွေရှိတဲ့နေရာကို Message ပို့ပေးလာတဲ့အခါမှာတော့.....ဒီဇာတ်ကားမှာတော့ ဖခင်တစ်ယောက်ရဲ့ နာကျင်မှုနဲ့ ဥပဒေဘောင်အတွင်းက တရားမျှတမှုတို့ရဲ့ အားပြိုင်မှုကို သရုပ်ဆောင်ကြီး Jung Jae-young ရဲ့ ပြောင်မြောက်လှတဲ့ သရုပ်ဆောင်ချက်တွေနဲ့ အတူ မြင်တွေ့ရမှာပါ။ ဇာတ်ရှိန်တက်လာတာနဲ့အမျှ ဝမ်းနည်းစရာ ကောင်းလှတာမို့လို့ စိတ်မကောင်းဖြစ်ရမဲ့ ဇာတ်ကားမျိုးကိုမှ ကြိုက်နှစ်သက်တယ်ဆိုရင်တော့ မလွတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ကြောင်း ညွှန်းဆိုပေးလိုက်ပါတယ်။