Romance of Their Own HD

Romance of Their Own

Action Drama Romance HD 2004-07-23 6.034 113 Min

ကျေးတောသူလေး ဟန်ဂယောင်းဟာ သူမ ဖခင်ကွယ်လွန်ပြီးနောက် မိခင်ဖြစ်သူနဲ့အတူနေထိုင်ဖို့ ဆိုးလ်မြို့ကို ရောက်လာခဲ့ပါတယ် .. မိခင်ဖြစ်သူရဲ့ နောက်အိမ်ထောင်က မောင်နှမတွေနဲ့အတူ ကျောင်းတက်ရင်း ကျောင်းမှာ မိန်းကလေးတွေအသည်းစွဲဖြစ်တဲ့ ဘန်ဟယ်ဝန်း ဂျောင်ထယ်ဆောင်းတို့နဲ့တွေ့ဆုံဖို့ဖြစ်လာပါတော့တယ် .. သူတို့နှစ်ယောက်လုံးက ရိုးသားပြီး ချစ်စရာတဲ့ကျေးတောသူလေး ဟန်ဂယောင်းကို စိတ်ဝင်စားမိသွားပါတယ် ..နှစ်ယောက်လုံးက ဟန်ဂယောင်းရဲ့အချစ်ကို ရဖို့ကြိုးစားရင်း ...နောက်ဆုံးတော့ ထယ်ဆောင်းဆီမှာ ထင်မထားတဲ့လျှို့ဝှက်ချက်တစ်ခု ပေါ်ထွက်လာပါတော့တယ်ဆယ်ကျော်သက်လူငယ် သုံးယောက်ကြားက သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးဟာ နောက်ဆုံးမှာ ဘယ်လိုပျော်ရွှင်စရာ ဝမ်းနည်းစရာတွေ ရောယှက်ပြီးအဆုံးသတ်သွားမလဲ ဆိုတာ ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုပေးပါဦးနော် ..။