Hansel & Gretel FHD

Hansel & Gretel

Drama Fantasy Horror FHD 2007-12-27 6.668 117 Min

အီအွန်းဆူ(Chun Jung-myung) ဆိုတဲ့ လူငယ်တစ်ယောက်ဟာ တောအုပ်တစ်ခုအနီး အဝေးပြေးလမ်းမကြီးပေါ်မှာ ကားမတော်တဆဖြစ်ပြီး သတိလစ်သွားခဲ့ပါတယ်၊၊ကလေးမလေးတစ်ယောက်ရဲ့ လမ်းပြမှုကြောင့် တောအုပ်ထဲက ပုံပြင်စာအုပ်ထဲကအတိုင်း အရမ်းလှပတဲ့ အိမ်လေးတစ်လုံးကို ရောက်သွားပြီး ချစ်စရာကောင်းတဲ့ မောင်နှမ ၃ ယောက်နဲ့ တွေ့ဆုံခဲ့ပါတယ်၊၊ "ပျော်ရွှင်သော ကလေးများရဲ့ အိမ်" လို့ အမည်ရတဲ့ အဲဒီအိမ်မှာ အရာအားလုံးက ပြည့်စုံလွန်းနေပေမဲ့ ဒီတောကြီးထဲကနေ ပြန်ထွက်ဖို့ ကြိုးစားတိုင်း လမ်းပြန်ပျောက်နေခဲ့ပါတယ်၊၊ အဲဒီနောက်မှာတော့ သူဟာ အဲဒီအိမ်ကြီးကလေးတွေရဲ့ ကြောက်စရာကောင်းတဲ့ လျှို့ဝှက်ချက်တွေနဲ့ အတိတ်ကို တစ်ခုပြီးတစ်ခု စတင်သိရှိလာရတဲ့အခါ ဒီတောအုပ်ကြီးထဲက ထွက်သွားနိုင်မလား ပိတ်မိသွားမလားဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။