အီဒုံဟွီ (Lee Dong-Hwi) ကတော့ "အရက်စွဲဂြိုဟ်သား"ဆိုတဲ့ ဟာသဇာတ်ကားနဲ့ နာမည်ကြီးလာတဲ့ မင်းသားတစ်လက်ပါ။ အဲဒီနောက်ပိုင်း သူ့ဆီ ရောက်လာသမျှ ဇာတ်ညွှန်းတိုင်းကလည်း ဟာသဇာတ်ရုပ်တွေချည်းပဲ ဖြစ်နေတာကြောင့်ဒုံဟွီက အနုပညာလှုပ်ရှားမှုတွေကို ခေတ္တရပ်နားပြီး တည်ကြည်လေးနက်တဲ့ သရုပ်ဆောင်ချက်တွေကို ပြောင်းလဲပြသနိုင်မဲ့ အခွင့်အရေးကို စောင့်ဆိုင်းနေခဲ့ပါတယ်။အဲဒီလိုနဲ့ ၂ နှစ်အကြာမှာ ထိပ်တန်းမင်းသား ဂျောင်ထယ်မင်း (Chani) ရဲ့ ကမ်းလှမ်းမှုနဲ့အတူ"မှန်ထဲက ပန်း၊ ရေပြင်ထက်က လမင်း" ဆိုတဲ့ နန်းတွင်းဇာတ်ကားမှာ တိုင်းသူပြည်သားတွေအတွက် အစာငတ်မွတ်ခံတဲ့ ဘုရင်အဖြစ် သရုပ်ဆောင်ဖို့ အခွင့်အရေးရလာပါတော့တယ်။ ဒုံဟွီဟာ Method Acting လို့ ခေါ်တဲ့ ဇာတ်ကောင်ထဲ အပြည့်အဝ လိုက်ပါစီးမျောပြီး သရုပ်ဆောင်တဲ့ နည်းစနစ်နဲ့အတူ သူ့ရဲ့ အရည်အချင်းကို သက်သေပြနိုင်ဖို့အတွက် လူသိရှင်ကြား အစာငတ်ခံတာမျိုးတောင် လုပ်ပြခဲ့ပေမဲ့ လက်တွေ့ရိုက်ကူးရေးမှာတော့ ထင်သလို ဖြစ်မလာဘဲ အလွဲအချော်တွေနဲ့ ကြုံတွေ့ရတဲ့အခါ...တကယ်ပဲ အီဒုံဟွီက Method Acting ကို ပိုင်ပိုင်နိုင်နိုင် သရုပ်ဖော်ပြပြီး ဟာသမင်းသားဆိုတဲ့ ပုံရိပ်ကို ဖျောက်ပစ်နိုင်ပါ့မလားဆိုတာကိုတော့ ဒီဇာတ်ကားလေးထဲမှာ ဆက်လက် ကြည့်ရှုပေးကြပါနော်။