ကိုရီးယားနိုင်ငံရဲ့ အန္တာတိတ်တိုက် လေ့လာရေးအဖွဲ့ဟာ လူသူမနီးတဲ့ ရေခဲပြင်ကြီးတွေကြားမှာ 'လက်လှမ်းမီဖို့ အခက်ခဲဆုံး ဝင်ရိုးစွန်းအမှတ်' (Inaccessibility Pole - P.O.I) ကို ရောက်အောင်သွားဖို့ ရည်မှန်းချက် ထားခဲ့ကြပါတယ်။ အဖွဲ့ခေါင်းဆောင် ချွဲဒိုဟျောင်း (Song Kang-ho) ရဲ့ ဦးဆောင်မှုနဲ့အတူ ခရီးနှင်နေရင်း လမ်းခုလတ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀ က ဗြိတိန်လေ့လာရေးအဖွဲ့တစ်ခု ထားရစ်ခဲ့တဲ့ နေ့စဉ်မှတ်တမ်းစာအုပ် (Journal) တစ်အုပ်ကို တိုက်တိုက်ဆိုင်ဆိုင် တွေ့ရှိခဲ့ပါတယ်။ထူးဆန်းတာကတော့ အဲဒီမှတ်တမ်းထဲက ရေးသားချက်တွေနဲ့ ပုံရိပ်တွေဟာ လက်ရှိ သူတို့ကြုံတွေ့နေရတဲ့အခြေအနေတွေနဲ့ ထိတ်လန့်ဖွယ်ကောင်းအောင် တူညီနေတာပါပဲ။အလွန်အမင်း အေးစက်လှတဲ့ ရေခဲပြင်ကမ္ဘာထဲမှာ အဖွဲ့ဝင်တွေဟာ တစ်ယောက်ပြီးတစ်ယောက် အကြောင်းမဲ့ ပျောက်ဆုံးတာ၊ သေဆုံးတာ၊ စိတ်ချောက်ချားတာတွေ ကြုံလာရတဲ့အခါမှာတော့...ပတ်ဝန်းကျင်တစ်ခုလုံး အဖြူရောင် ရေခဲပြင်တွေပဲ ရှိတဲ့ အထီးကျန်ကမ္ဘာထဲမှာ အဖွဲ့ခေါင်းဆောင်ရဲ့ P.O.I ကို ရောက်ရှိလိုတဲ့ ပြင်းပြတဲ့ အာသီသက တဖြည်းဖြည်းနဲ့ ရူးသွပ်မှုအသွင် ပြောင်းလဲလာတဲ့အခါ.... "သူတို့တွေ တကယ်ပဲ P.O.I ကို ရောက်ရှိနိုင်မှာလား.... ဒါမှမဟုတ် မှတ်တမ်းဟောင်းထဲကအတိုင်း ကျိန်စာသင့်တဲ့ နိဂုံးနဲ့ပဲ အဆုံးသတ်သွားမလား..." ဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပါ။အဖြူရောင် ရေခဲပြင်ကန္တာရကြီးထဲမှာ အဖွဲ့ဝင်တွေကြားက ယုံကြည်မှုတွေ ပြိုလဲလာပုံနဲ့အတူ လူမသိသူမသိ အသက်စတေးခဲ့ရတဲ့ လျှို့ဝှက်ချက်တွေကြားမှာ သူတို့ရဲ့ နောက်ဆုံးပန်းတိုင်က ဘယ်လိုဖြစ်လာမလဲဆိုတာကို စိတ်ဝင်စားဖွယ် တွေ့မြင်ရမယ့် ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။