ဇာတ်ကားလေးကတော့ နာမည်အတိုင်းနည်းနည်းကျောချမ်းစရာကောင်းတဲ့ သရဲကားလေးပဲဖြစ်ပါတယ်။ သရဲကားဆိုပေမဲ့ ကြောက်တတ်သူများမကြည့်ရဆိုတဲ့သရဲကားမျိုးတော့မဟုတ်ပါဘူး။သည်းထိပ်ရင်ဖိုဆိုတာထက် စိတ်ဝင်စားဖို့ကောင်းတယ်ဆိုတဲ့ရသမြောက်တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းအနေနဲ့ - မိဘမဲ့ရွာလို့အမည်တွင်တဲ့ရွာလေးမှာ လူငယ်လေးသုံးယောက်ညတွင်းချင်းပျောက်သွားကြပါတယ်။အဲဒီနောက်ပိုင်းရွာသားတွေကလည်းထီးအနီနဲ့ကဗျာတစ်ပုဒ်နဲ့သရဲမတစ်ယောက်တွေ့တယ်ဆိုပြီး သရဲခြောက်တယ်သရဲခြောက်တယ်နဲ့ တစ်ရွာလုံးထိပ်လန့်လာပါတော့တယ်။ အဲဒီလိုနဲ့ တစ်ရွာလုံးကလည်းသရဲမခြောက်အောင် အိမ်လေးတွေ သစ်ပင်တွေမှာအရုပ်လေးတွေချိတ်ပြီးဆုတောင်းကြပါတော့တယ်။ဒါပေမဲ့လည်းသရဲကဆက်ခြောက်နေတုန်းမလို့ တစ်ရွာလုံးလည်းပြောင်းရွှေ့နေထိုင်ရင်း ရွာပျက်ကြီးအဖြစ်ကျန်ခဲ့ပါတော့တယ်။ 15နှစ်ကြာပြီးတဲ့နောက် လျိုစူးနဲ့သူငယ်ချင်းတစ်စုဟာမှတ်တမ်းတင် vd ရိုက်ဖို့အဲဒီရွာပျက်ကြီးကိုသွားကြဖို့လုပ်ရာကနေ စိတ်ဝင်စားစရာ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်လာပါတော့တယ်။