Il Mare FHD

Il Mare

Drama Fantasy Romance FHD 2000-09-09 7.3 96 Min

အသံသရုပ်ဆောင် ဂင်အွန်းဂျူဟာ ၁၉၉၉ ခုနှစ်မှာ Il Mare လို့ခေါ်တဲ့ ပင်လယ်ကမ်းစပ်က အိမ်လေးဆီကိုအသစ်ရောက်လာမယ့် အိမ်ပိုင်ရှင်အတွက် ခရစ္စမတ်ကတ်လေး ချန်ထားခဲ့ပြီး ပြောင်းရွှေ့သွားခဲ့ပါတယ်။တစ်ဖက်မှာတော့ ဗိသုကာပညာရှင် ဟန်ဆောင်းဟျွန်းဟာ Il Mareအိမ်ရဲ့ ပထမဆုံးပိုင်ရှင်ဖြစ်တဲ့အလျောက် စာရဲ့နေ့စွဲကို ကြည့်ပြီး တစ်ခုခုတော့ လွဲနေပြီဆိုတာကို သဘောပေါက်သွားပါတော့တယ်။၁၉၉၇ ခုနှစ်မှာ နေထိုင်တဲ့ ဟန်ဆောင်းဟျွန်းနဲ့ ၁၉၉၉ ခုနှစ်ရဲ့ ဂင်အွန်းဂျူတို့ နှစ်ယောက်သား စာတိုက်ပုံးလေးကနေ တစ်ဆင့် အဆက်အသွယ် လုပ်နိုင်ကြောင်း သိရှိသွားပြီးတဲ့နောက်မှာတော့ ဘယ်လိုတွေဆက်ဖြစ်ကြလဲ....ဘာတွေကိုပြောင်းလဲဖို့ ကြိုးစားကြမလဲ....Timeline တွေမတူကြတဲ့ နှစ်ယောက်ကြားမှာ အချစ်ဇာတ်လမ်းလေးရော ပေါ်ပေါက်လာနိုင်ပါ့မလားဆိုတာကိုဆက်လက်ကြည့်ရှုအားပေးကြပါဦးနော်။