Kalaga Thalaivan FHD

Kalaga Thalaivan

Action Thriller FHD 2022-11-18 7 142 Min

ဗာဂျရာဆိုတဲ့ကားထုတ်လုပ်ရေးကုမ္ပဏီတစ်ခုမှာအလုပ်လုပ်နေတာဖြစ်ပါတယ် အဲဒီဗာဂျရာကားကုမ္ပဏီဟာဆီစားသက်သာတဲ့ကားတွေကို ထုတ်လုပ်ထားပြီးတော့ ဈေးကွက်ထဲမှာဖြန့်ဝေဖို့အတွက်ကြိုးစားနေတာပါ ဆီစားသက်သာတဲ့ကားတွေကိုထုတ်လုပ်နိုင်တယ်ဆိုတဲ့သတင်းကြောင့် ရှယ်ယာဈေးတွေလည်းတက်လာပြီးတော့ ဗာဂျရာကားကုမ္ပဏီက နံပါတ်တစ်ကားထုတ်လုပ်ရေးကုမ္ပဏီဖြစ်ဖို့အနည်းငယ်ပဲလိုတော့တာပေါ့ အဲဒီအချိန်မှာပဲဗာဂျရာကားတွေဟာ လေထုညစ်ညမ်းမှုကို သတ်မှတ်ထားတာထက်ပိုဖြစ်စေတယ်ဆိုတဲ့သတင်းကထွက်လာခဲ့ပါတယ် ဖြစ်ချင်တော့အဲဒီသတင်းဟာအမှန်ဖြစ်နေခဲ့ပြီး ဒီအတွင်းသတင်းကိုသိထားတဲ့သူဟာလက်ချိုးရေလို့ရပါတယ် အဲဒီတော့ဗာဂျရာကုမ္ပဏီဟာသူတို့ရဲ့ကုမ္ပဏီတွင်းမှာရှိနေတဲ့ အတွင်းသတင်းပေါက်ကြားအောင်လုပ်တဲ့သူလျှိုတွေကိုလိုက်ရှာဖို့အတွက် အိန္ဒိယကွန်မန်ဒိုတပ်သားဟောင်း အာဂျွန်ဆိုသူကို ငှားရမ်းလိုက်ပါတယ် အာဂျွန်ဆိုတဲ့သူဟာရက်စက်ကြမ်းကြုတ်ပြီးတော့ လူသတ်တဲ့နေရာမှာလည်း နှစ်ယောက်မရှိတဲ့သူဖြစ်ပါတယ် ကုမ္ပဏီရဲ့လျှို့ဝှက်ချက်တွေကိုပေါက်ကြားအောင်လုပ်နေတဲ့သူက ဘယ်သူများဖြစ်မလဲ ရက်စက်ပြီးတော့ အညှာတာကင်းမဲ့တဲ့အာဂျွန်ရဲ့လက်ထဲမှာ ဖမ်းမိသွားမှာလား၊ သီရူမန်ကရော ဒီကိစ္စကြီးထဲမှာ ဘယ်လိုပတ်သက်နေမလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်