How Do You Know HD

How Do You Know

Comedy Drama Romance HD 2010-12-17 5.325 121 Min

လီဆာ (Reese Witherspoon) ဆိုတဲ့ ဆော့ဖ်ဘော (Softball) ကစားသမား ကောင်မလေးကနေ စထားပါတယ်။ သူ အရမ်းချစ်တဲ့အားကစားအသင်းကနေ ရုတ်တရက် အထုတ်ခံလိုက်ရတော့သူ့ဘဝကြီး ကမောက်ကမတွေ ဖြစ်သွားပါတော့တယ်။ဒီလို စိတ်ဓာတ်ကျနေချိန်မှာ ကောင်လေး နှစ်ယောက်နဲ့ သွားပတ်သက်မိပြီး အချစ်တြိဂံဇာတ်လမ်းလေး စပါတော့တယ်။ တစ်ယောက်ကမက်တီ (Owen Wilson) လို့ခေါ်တဲ့ နာမည်ကြီး ဘေ့စ်ဘော ကစားသမားပိုက်ဆံပေါပေါ၊ မိန်းကလေးတွေကြား ရေပန်းစားပြီး ကိုယ့်ကိုယ်ကိုယ် သိပ်ချစ်တဲ့ လူစားမျိုးနောက်တစ်ယောက်ကတော့ ဂျော့ချ် (Paul Rudd) ပါ။သူကကျတော့ သဘောကောင်းတဲ့ စီးပွားရေးသမား၊ဒါပေမယ့် သူ့အဖေ (Jack Nicholson) ရဲ့ စီးပွားရေး လှည့်ကွက်တွေကြောင့်မလုပ်ဘဲနဲ့ ထောင်ကျမယ့်ကိန်း ဆိုက်နေတဲ့သူပါ။ဒီလို လုံးဝမတူညီတဲ့ ကောင်လေးနှစ်ယောက်ကြားမှာ လီဆာတစ်ယောက် ဘယ်သူ့ကို ရွေးချယ်မလဲ ဆိုတာကို ရယ်စရာလေးတွေနှောပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။