50 cents တို့ Quavo တို့လို Rapper တွေက ငွေထုတ်ပြီး Omar Epps, Wiz Khalifa , Quavo တို့ခေါင်းဆောင်ပါဝင်ထားတဲ့ Crime Drama ဇာတ်ကားသစ်ပါ။ ဇာတ်လမ်းအကျဉ်းကတော့ မာလစ်ဆိုတဲ့ ထောင်ထွက်ဂန်းစတားတစ်ယောက် ထောင်ကထွက်လာပြီးတဲ့နောက် သူနဲ့ဘ၀ဖြစ်စဉ်ချင်း ဆင်တူတဲ့ သူတော်စင် စိန့်မိုးဇက် ကို အာရုံမှာမြင်လာရပြီး လောကအပေါ်အမြင်တွေပြောင်းလဲလာပုံပါပဲ။ အဲ့ဒီလိုအမြင်ပြောင်းလဲမှုကို အားပေးနားလည်တဲ့သူ ရှိပေမယ့် ဘ၀တူတွေ လက်အောက်ခံတွေကတော့အသက်ကြီးလို့ စိတ်ပျော့ညံ့လာတယ်ပဲ ထင်ကြတဲ့အတွက်သူဘယ်လိုရင်ဆိုင်ရုန်းကန်ရမလဲဆိုတာကိုရှုစားရမှာပါ။ Rapper တွေခေါင်းဆောင်တဲ့ ကားဆိုတော့ သီချင်းအမိုက်စားတွေပါပါတယ်။ အရင်က 50 cents ရဲ့ Get Rich or Die Tryin' လိုကားမျိုးကိုမမှီပေမယ့် ကြည့်ပျော်တဲ့ ဂန်းစတားရုပ်ရှင်ပါပဲ။