မူးယစ်ဆေးဝါး တင်ပို့ရောင်းချတဲ့ ဂိုဏ်းတစ်ခုရဲ့ ဒါရိုက်တာဖြစ်တဲ့ ဟန်ဂျယ်ဟို (Sul Kyung Gu) ဟာ ထောင်သားတွေကြားထဲ စီးကရက်ဖြန့်ဝေရေးကို လုပ်ကိုင်ပြီး ထောင်တွင်း စည်းကမ်းတွေကို ရေးဆွဲတဲ့ အာဏာအရှိဆုံး ထောင်သားတစ်ယောက်ဖြစ်တဲ့အပြင် ထောင်ကနေ လွတ်လာတာနဲ့ သူရဲ့ ဂိုဏ်းထဲက နံပါတ် ၁ နေရာကို ရယူနိုင်ဖို့မျှော်မှန်းထားသူလည်း ဖြစ်ပါတယ်...တစ်နေ့ ဟန်ဂျယ်ဟိုတို့ဂိုဏ်းကို ဖမ်းဆီးဖို့အတွက် ရဲတွေဘက်ကနေ အဖွဲ့မှူးချွန်း (Kim Hee Won) ဦးဆောင်ပြီး ၃ နှစ်ကြာ အသွင်ယူစုံစမ်းမှုတစ်ခုကို လုပ်ဆောင်ဖို့ ဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ ရဲဘက်က ဖြစ်တဲ့ ဂျိုဟျွန်းဆူ (Im Si Wan)ဟာ ထောင်သားအဖြစ် အသွင်ယူစုံစမ်းတဲ့အခါမှာတော့ ... ဂျိုဟျွန်းဆူရဲ့ ထောင်သားဘဝကရော ဘယ်လိုမျိုးများ ဖြစ်မလဲ ..ဟန်ဂျယ်ဟိုတို့ ဂိုဏ်းကိုရော ဖမ်းမိနိုင်ပါ့မလားဆိုတာကို The Merciless (2017) ဆိုတဲ့ Action ဇာတ်ကားလေးမှာ ကြည့်ရှုပေးကြပါဦးရှင် ..။