ဇာတ်လမ်းကတော့ ဗိုလ်ကြီး Chun Doo Hwan လက်ထက် သူပုန်တွေကိုတိုက်ထုတ်ဖို့အတွက် စစ်တပ်အာဏာနဲ့နှိမ်နှင်းဖို့ ကြိုးစားခဲ့တဲ့ အကြောင်းလေးပါ ..အေးချမ်းနေတဲ့မြို့လေးမှာ ရုတ်တရက်ဆိုသလို အချက်ပေးသြဥသံတွေ , မျက်ရည်ယိုဗုံးတွေ, အကြမ်းဖက်မှုတွေနဲ့ အတူ လမ်းမပေါ်မှာ ရုန်းရင်းဆန်ခတ်တွေ ဖြစ်နေပြီး သမိုင်းတွင်တဲ့ ဂွမ်ဂျူရဲ့အရေးအခင်း စတင်လာခဲ့ပါတယ် ..သူပုန်တွေကို တိုက်ထုတ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်တပ်တွေချီတက်လာပြီး ရှိသမျှလူတိုင်းကို ရိုက်စစ်မေးမြန်းပါတော့တယ် .. Min Woo (Kim Sang-Kyung)ရဲ့တစ်ဦးတည်းသော ညီလေး Jin Woo (Lee Joon-Gi) တစ်ယောက် သူငယ်ချင်းဖြစ်သူ မတရားသဖြင့်သေဆုံးခဲ့ရတာကို ဒေါသထွက်ပြီးတက္ကသိုလ်ကျောင်းသားတွေပါဝင်တဲ့ ဆန္ဒဖော်ထုတ်မှုကြီးကို ဦးဆောင်ပြီး ချီတက်ခဲ့ပါတယ် .. ပြည်သူတွေပါ ပါဝင်ပြီးတော့ဆန္ဒပြခဲ့ရာက စစ်တပ်ကြီးပြန်ဆုတ်သွားပြီအထင်နဲ့ ပျော်ရွှင်နေတဲ့အချိန်မှာ စစ်တပ်ဘက်ကနေ သေနတ်တွေနဲ့စတင်တိုက်ခိုက်ခဲ့တဲ့နောက်မှာတော့ ...ဘယ်လို ကြေကွဲ ရင်နင့်စရာဖြစ်ရပ်တွေ ဖြစ်သွားမလဲ ..ဂွမ်ဂျူမြို့သူမြို့သားတွေ ဘယ်လိုရင်ဆိုင်တိုက်ခိုက်ပြီး ပဋိပက္ခတွေကို ဘယ်လိုအဆုံးသတ်စေမလဲဆိုတာကတော့ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ ဒီရုပ်ရှင်ကားကောင်းလေးမှာ တစ်ရှူးဆောင်ရင်း ကြည့်ရှုခံစားလိုက်ပါဦးနော် ..။