အလုပ်မရှိတဲ့ ထီဝါသနာအိုး ဒုံဂျူ(Uhm Tae-woong)နဲ့ စည်းကမ်းကြီးတဲ့ ဘဏ်ဝန်ထမ်း ဆုန်းဂယောင်း(Jung Ryeo-won)တို့ဟာ တစ်နေ့တည်းမှာ သေမိန့်စာနဲ့တူတဲ့ ရောဂါအဖြေကို အတူတူသိလိုက်ရပြီးနောက် ကျန်ရှိတဲ့အချိန်လေးမှာ တစ်ယောက်ကိုတစ်ယောက် အဖော်ပြုဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ သေခြင်းတရားကို အခြေခံထားပေမဲ့ ဝမ်းနည်းစရာချည်းပဲ မဟုတ်ဘဲ မိမိတို့ရဲ့ နာရေးအတွက် အတူတူပြင်ဆင်ရင်း၊ သုသာန်တွေ လိုက်ကြည့်ရင်းနဲ့ ..ရယ်မောကြည်နူးစရာကောင်းတဲ့ Romantic Comedy ပုံစံမျိုး တင်ဆက်ထားလို့ ဘဝရဲ့တန်ဖိုးနဲ့ အချစ်ရဲ့အဓိပ္ပာယ်ကို ဇာတ်ဝင်ခန်းတစ်ခုချင်းစီတိုင်းမှာ ခံစားရစေမယ့်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။