The King's Warden FHD

The King's Warden

Drama History FHD 2026-02-04 6.9 117 Min

ယောင်ဝေါဒေသက ဂွမ်ချွန်းတောင်ကြားဆိုတဲ့ တောင်ပေါ်ရွာလေးရဲ့ ရွာသူကြီး အောမ်ဟွန်းဒို (Yoo Hae-Jin) ကတော့ သူ့ရဲ့ ရွာသူရွာသားတွေ စားဝတ်နေရေးပြေလည်စေဖို့အတွက် နယ်နှင်ဒဏ်ပေးခံရတဲ့ မျိုးရိုးမြင့်လူကြီးမင်းတစ်ဦးကို လက်ခံခေါ်ဆောင်လာနိုင်ဖို့ ကြိုးစားနေသူပါ။ တစ်နေ့မှာ ဦးရီးတော် ဆူယန်းမင်းသားကြီးရဲ့ ထီးနန်းလုယူခြင်းကို ခံလိုက်ရတဲ့ ဘုရင်ငယ်လေး အီဟုန်းဝီ (Park Ji-Hoon) က နယ်နှင်ဒဏ်ပေးခံရပြီး ဟွန်းဒိုတို့ရဲ့ ရွာ‌လေးဆီ ရောက်ရှိလာတဲ့အခါမှာတော့...ဘဝကို လက်လျှော့ထားတဲ့ နန်းကျဘုရင်ငယ်လေးနဲ့ သူ့ကို စောင့်ကြပ်ကြည့်ရှုရတဲ့ ကွပ်ကဲရေးမှူးတို့ကြားက နက်ရှိုင်းတဲ့ သံယောဇဉ်နဲ့ သစ္စာတရားတို့ကို ရင်နင့်ဖွယ်ကောင်းအောင် ပုံဖော်ရိုက်ကူးပြထားတာဖြစ်လို့ တစ်ရှူးလေးတော့ ကြိုတင်ဆောင်ပြီးမှ ကြည့်ရှုဖို့ မမေ့ကြပါနဲ့နော်။