Anime ပရိတ်သတ်တိုင်းသိကြမယ့် 5 Centimeters Per Second ဂန္ထဝင် Anime ကားလေးကို Live-action ပြန်လည်ရိုက်ကူးထားတဲ့ ဂျပန်ရုပ်ရှင်ကားကြီး ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ Takaki ဆိုတဲ့ လူငယ်တစ်ယောက်ရဲ့ ဘဝဖြတ်သန်းမှုကို အပိုင်း ၃ ပိုင်းနဲ့ တင်ဆက်ထားတာပါ။ သူနဲ့ သူ့ရဲ့ ငယ်ချစ်ဦး Akari တို့ဟာ ငယ်စဉ်ကတည်းကအလွန်ရင်းနှီးခဲ့ကြပေမဲ့ မိသားစုအလုပ်အကိုင်တွေကြောင့် တစ်မြို့စီ ဝေးကွာသွားခဲ့ကြပါတယ်။စာရေးဆက်သွယ်ရင်း ခင်မင်မှုကို ထိန်းသိမ်းခဲ့ကြပေမဲ့ အချိန်တွေကြာ နည်းပညာတွေ ပြောင်းလဲလာတာနဲ့အမျှ သူတို့ကြားက သံယောဇဉ်ဟာ ခိုင်မြဲနေဦးမှာလား... ဒါမှမဟုတ် ချယ်ရီပွင့်လေးတွေ မြေပြင်ပေါ်ကို တစ်စက္ကန့်မှာ ၅ စင်တီမီတာနှုန်းနဲ့ ကြွေကျသလိုပဲ သူတို့နှစ်ယောက်ဟာလည်း တဖြည်းဖြည်းနဲ့ သူစိမ်းတွေ ဖြစ်သွားကြမလား..နှစ်ယောက်ပြန်ဆုံပြီး ပျော်ရွှင်စရာအဆုံးသတ်ကိုရသွားမှာလားဆိုတာကို အနုပညာဆန်ဆန်ပုံဖော်ထားတဲ့ Anime live-action ကားလေးတစ်ကားပါ။