The Kerala Story 2 Goes Beyond HD

The Kerala Story 2 Goes Beyond

Crime Drama HD 2026-02-27 8.3 131 Min

ဖြစ်ရပ်မှန်တွေကိုစုစည်းပြီး ပုံဖော်ရိုက်ကူးထားတဲ့ ဟိန္ဒူမိန်းကလေးတွေရဲ့ ဘဝငရဲခရီးလမ်းကို ကွက်ကွက်ကွင်းကွင်း ရိုက်ကူးထားတဲ့ ပညာပေးဇာတ်လမ်းလေးတစ်ကားတင်ဆက်ပေးထားပါတယ် ငယ်ရွယ်လှပပြီး အင်စတာမှာ follower များတဲ့ influencer  ဒီဗီယာ။ ကကွက်လှလှလေးတွေနဲ့ ဆွဲဆောင်တတ်လို့ မိဘတွေက ဆာရီဝတ်ပြီး ကခွင့်ပေးထားခဲ့တယ်ဒါပေမဲ့ ရည်းစားဖြစ်သူ ဘာသာခြားတစ်ယောက်ရဲ့ အားပေးမှုနဲ့ ခေတ်ဆန်ဆန်ဝတ်ပြီး follower ပိုရှာလာခဲ့တယ် ။သူမ‌နာမည်က နေဟာ နိုင်ငံ့ရွှေတံဆိပ်ဆုရှင်ဖြစ်ချင်လွန်းလို့ မိဘတွေရဲ့ အားပေးမှုနဲ့ ကြိုးစားနေတဲ့သူတစ်ယောက်။ သူ့ကောင်လေးကလည်း သူ့ဆို အရမ်းအလိုလိုက်အရမ်းဆွဲဆောင်တတ်တော့ ကောင်လေးရဲ့လှည့်စားမှုထဲ နားယောင်ပြီး မိဘတွေမသိအောင် တိုးတိုးတိတ်တိတ် လက်ထပ်ထားခဲ့မိတယ်နောက်တစ်ယောက်က စနေဟာ သူကတော့ မယားကြီးရှိမှန်းသိသိကြီးကို ဆာလင်းဆိုတဲ့ ဘာသာခြားအမျိုးသားနဲ့ ပတ်သက်မိခဲ့တယ်ဒီ၃ယောက်ရဲ့ ကံကြမ္မာက ဘယ်လိုတွေ ဆက်စပ်နေမလဲ ဘာသာမတူလို့ မိဘတွေ သဘောမတူ မရမကတားမြစ်တဲ့ကြားကနေ ကိုယ့်ဘဝ ကိုယ့်ရွေးချယ်မှုဆိုပြီး ရှေ့ဆက်တိုးခဲ့ကြတဲ့သူတို့ရဲ့ဘဝတွေက ‌ဇာတ်သိမ်းရော ကောင်းပါ့မလား မျက်နှာဖုံးတွေကွာကျချိန်မှာ ဘယ်လောက်တောင် ကြောက်လန့်တုန်လှုပ်စရာတွေနဲ့ ကြုံတွေရမလဲဆိုတာကိုတော့ဆက်လက်ကြည့်ရှုလိုက်ပါဦး။