Kill Code HD

Kill Code

Action Thriller HD 2026-04-16 8.3 0 Min

ဇာတ်လမ်းကတော့ အနာဂတ်ကာလမှာ ပြစ်မှုတွေ ထူပြောလာပြီး ပရမ်းပတာဖြစ်နေတဲ့ အချိန်ကို အခြေခံထားတယ်။ အဲဒီအချိန်မှာ အာဏာမက်တဲ့ ကော်ပိုရေးရှင်းကြီးတစ်ခုက အစိုးရရဲ့ထောင်စနစ်ကို သိမ်းပိုက်လိုက်ပြီး ရာဇဝတ်ကောင်တွေကိုပဲ ဥပဒေစိုးမိုးရေးသမားတွေအဖြစ် အသက်သွင်းပြီး ပြန်သုံးတယ်။ကော်ပိုရေးရှင်းက ရာဇဝတ်ကောင်တွေကို သေစေနိုင်တဲ့ နာရီတွေ ပတ်ပေးထားပြီး သူတို့ လွတ်လပ်ခွင့်ရချင်ရင် တစ်ယောက်ကိုတစ်ယောက် အသေသတ်ကြဖို့ ခိုင်းထားတယ်။ ဒါပေမဲ့အဲဒီအထဲက တစ်ယောက်မှာတော့ ဒီစနစ်ဆိုးကြီးတစ်ခုလုံးကို ဖြိုချပစ်နိုင်တဲ့ စွမ်းရည်ရှိနေတယ်ဆိုတာကို ကော်ပိုရေးရှင်းကြီးက မသိရှာဘူး။ ဘယ်လိုတွေ ဆက်ဖြစ်မလဲ၊ အဲဒီစနစ်ကြီးကိုအထဲကနေ ဘယ်လို ထိုးဖောက်ဖျက်ဆီးပစ်မလဲဆိုတာကို စိတ်ဝင်စားစရာ ရိုက်ကူးထားတာပါ။Dystopian (အနာဂတ်ကမ္ဘာပျက်) ဆန်ဆန် ဇာတ်အိမ်မျိုးကိုမှ Action ခပ်ကြမ်းကြမ်းတွေ၊ လွတ်မြောက်ဖို့အတွက် အသေအကြေ သတ်ဖြတ်ရတဲ့ Survival ပုံစံမျိုး ကြိုက်တဲ့သူတွေအကြိုက်တွေ့စေမယ့် ကားပါ။ Frank Grillo နဲ့ Tyrese Gibson တို့လို အက်ရှင်မင်းသားတွေ ပါဝင်ထားတာဆိုတော့ အကြမ်းပတမ်း အခန်းတွေ၊ ပစ်ခတ်တိုက်ခိုက်တဲ့အခန်းတွေအတွက်ကတော့ အတော်လေး ကြည့်ကောင်းမှာပါ။ ဇာတ်လမ်းဇာတ်ကွက်က အရမ်းကြီး ဆန်းသစ်မနေပေမဲ့ အက်ရှင်ကားကောင်းကောင်း တစ်ကားကို ပေါ့ပေါ့ပါးပါးကြည့်ချင်တယ်ဆိုရင်တော့ ရွေးချယ်ကြည့်ရှုသင့်တဲ့ ကားလေးပါ။