Late Blossom HD

Late Blossom

Drama Romance HD 2011-02-17 7.8 118 Min

အရုဏ်တက်ချိန်တွေမှာ နွားနို့ပို့တဲ့ ဂင်မန်ဆော့ (Lee Soon-Jae)ဟာ အမြဲစိတ်ဆတ်တတ်ပြီး စကားကို တည့်တိုးပြောတတ်ပေမဲ့ ကြင်နာတတ်သူဖြစ်ပါတယ်။ နွားနို့ပို့ရင်း  တစ်နေ့မှာတော့စက္ကူအပိုင်းတွေ စုပြီး ပင်ပင်ပန်းပန်း ရှာဖွေစားသောက်နေရတဲ့ ဆုန်းမျိုးရိုး(Yoon So-Jung) ဆိုတဲ့ အထီးကျန်နေတဲ့  အမျိုးသမီးတစ်ယောက်နဲ့ တွေ့ဆုံခဲ့ရပြီးနောက်မေတ္တာရှိသွားပါတော့တယ်။တစ်ဖက်မှာလည်း ကားပါကင်မှာ အလုပ်လုပ်တဲ့ ဂျန်ဂွန်းဘုံး (Song Jae-Ho) က မနက်ကနေ ညဥ့်နက်အထိ အလုပ်ကြိုးစားလုပ်ရင်း သူငယ်ပြန်နေတဲ့ ဇနီးသည်ဖြစ်သူကိုစောင့်ရှောက်နေသူပါ။ ဒီလိုမျိုး  သက်ကြီးရွယ်အို ဇနီးမောင်နှံတွေရဲ့ ဖြူစင်တဲ့အချစ်ကို ပုံဖော်ထားတဲ့အပြင် မေတ္တာနဲ့ အပြန်အလှန် ဖေးမမှုတွေအကြောင်းကို ရိုက်ကူးတင်ဆက်ထားပြီး ဘဝနဲ့ ရေစက်ကံကြမ္မာရဲ့ အဓိပ္ပါယ်ကို ဇာတ်လမ်း အေးအေးလေးနဲ့ မီးမောင်းထိုးပြထားတဲ့ ရင်ထဲထိစေမဲ့ ကားလေးဖြစ်လို့   ကြည့်ရှုခံစားပေးပါဦးနော်