၁၉၅၀ နဲ့ ၆၀ ပြည့်လွန်နှစ်တွေမှာ အရမ်းကို နာမည်ကြီးခဲ့တဲ့ မင်းသမီး Jayne Mansfield ရဲ့ အောင်မြင်မှုတွေ၊ သူမရဲ့ ပါရမီနဲ့ သူမ ကြုံတွေ့ခဲ့ရတဲ့ စိန်ခေါ်မှုတွေအကြောင်းကို တင်ဆက်ထားတဲ့Biographical Documentary ကားကောင်းတစ်ကား ဖြစ်ပါတယ်။ Mariska ဟာ သူမ အသက် ၃ နှစ်အရွယ်မှာတင် မိခင်ဖြစ်သူကို မော်တော်ကားမတော်တဆမှုနဲ့ ဆုံးရှုံးခဲ့ရတာပါ။ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာတော့ Mariska ဟာ သူမရဲ့မိခင်ကို လူတွေသိထားတဲ့ "Sex Symbol" ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ဆွဲထုတ်ပြီး၊ ဉာဏ်ရည်ထက်မြက်တဲ့၊ဘာသာစကား ၅ မျိုးပြောနိုင်တဲ့၊ တယောနဲ့ စန္ဒယားကို ကျွမ်းကျင်စွာတီးခတ်နိုင်တဲ့ ခေတ်ရှေ့ပြေး အမျိုးသမီးတစ်ဦးအဖြစ် ဂုဏ်ပြုတင်ဆက်ထားပါတယ်။ ဇာတ်ကားထဲမှာ အရင်က လူမမြင်ဖူးသေးတဲ့ မိသားစု ဗီဒီယိုမှတ်တမ်းဟောင်းတွေနဲ့ သူမရဲ့ မောင်နှမတွေဖြစ်တဲ့ Zoltán နဲ့ Mickey Jr. တို့ရဲ့ ရင်ဖွင့်သံတွေကိုပါ ထည့်သွင်းထားပြီးဟောလိဝုဒ်ရဲ့ပြိုင်ဘက်ကင်း အိုင်ကွန်တစ်ခုဖြစ်ခဲ့တဲ့ Jayne Mansfield ရဲ့ ဘဝနဲ့ အမွေအနှစ်တွေကို သမီးဖြစ်သူရဲ့ အမြင်နဲ့ ပြန်လည်ပုံဖော်ထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပါ။