Careless FHD

Careless

Documentary FHD 2025-08-16 8.3 88 Min

အသိပညာဇာတ်လမ်းတစ်ခုကိုပြောပါဆိုရင် ဒီဇာတ်လမ်းလေးက ဇာတ်အိမ်နဲ့ ရည်ရွယ်ချက်တော်တော်ကောင်းတဲ့ထဲပါတယ်လို့ ဆိုရမှာပါ။ ဒီဇာတ်လမ်းဟာဆိုရင် ဩစတြေးလျလို ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်ခုရဲ့ ၁၉၈၀ ဝန်းကျင်ကတည်းက အခုချိန်ထိ သက်ကြီးရွယ်အို ဒါမှမဟုတ် သက်ကြီးပိုင်းဝင်လာတဲ့သူတွေကိုပြုစုစောင့်ရှောက်မှုအားနည်းလာတာတွေ၊ နိုင်ငံကို ဦးဆောင်တဲ့ ဝန်ကြီးချုပ်တွေရဲ့ ဦးတည်ချက်အရ ဘိုးဘွားရိပ်သာလို ပြုစုစောင့်ရှောက်ရေးစင်တာတွေဟာသီလဓနအားထုတ်ရာနေရာမဟုတ်ဘဲ လာရောက်နေထိုင်တဲ့ လူအိုတွေ သူတို့ရဲ့ သားသမီးတွေကို မတန်တဆစျေးတွေတောင်းခံပြီး လူကြီးအများစုနဲ့မသင့်လျော်တဲ့ မက်မောစရာ ဇိမ်ခံပစ္စည်းနဲ့နေရာတွေရှိနေပေမယ့် ပျော်စရာမကောင်းတဲ့ အပန်းဖြေစခန်းလိုနေရာမျိုးဖြစ်အောင် ဝန်ကြီးချုပ်အဆက်ဆက်က ဆိုးရွားသထွက်ဆိုးရွားလာအောင် လုပ်နေတာကို ဒီပညာပေးဇာတ်လမ်းထဲမှာ တွေ့မြင်ရမှာပဲဖြစ်ပါတယ်။