The Demon Detective HD

The Demon Detective

Action Horror HD 2025-09-26 4.667 111 Min

မိုင်းစ်နဲ့ ပင် ဆိုတဲ့ဘော်ဒါနှစ်ယောက်ဟာ ခေတ်လူငယ်တွေဆိုပေမဲ့ အပနှင်တာ၊ အဖျက်အမှောင့် ပယောဂတွေကို စုံစမ်းတိုက်ထုတ်ပေးတဲ့အလုပ်ကို လုပ်နေကြတာပါ။ တစ်ရက်မှာတော့ သူတို့ ငှားနေတဲ့အိမ်က အိမ်စာချုပ်ပြည့်လို့ နေရာအသစ်ပြောင်းဖြစ်ခဲ့ကြပါတယ်။ အဲဒီတိုက်ခန်းအသစ်ကိုရောက်တဲ့အခါ အိမ်နီးချင်းကောင်မလေးတစ်ယောက်နဲ့ရင်းနှီးသွားခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ဟာ အဲဒီတိုက်ခန်းကို ရောက်ပြီး မကြာခင်မှာပဲ ထူးဆန်းတာတွေ မူမမှန်တာတွေ ဆက်တိုက်ဆိုသလို ဖြစ်လာခဲ့ပါတယ်။ မိုင်းစ်ကတော့ ဒါကို သတိထားမိနေခဲ့ပြီး အတိတ်က ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုနဲ့ပါ ခံစားချက်ချင်း တူနေတာကို ခံစားမိခဲ့ပါတယ်။ ဒီတော့ သူတို့ဘော်ဒါနှစ်ယောက်သား ဘယ်လိုအရာနဲ့ ကြုံတွေ့နေရတာလဲ၊ အဲဒီအရာကို သူတို့ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကို ရင်ဖိုစိတ်လှုပ်ရှားစွာ ကြည့်ရှုရမှာဖြစ်ပါတယ်။